Ep 2 (Z)

8.8K 215 0
                                    

ဘုန်းမြတ်ကိုကို အား အိမ်ပြန်လိုက်ပို့ပေးပြီး ကိုယ့်အိမ်ကိုပြန်ရောက်တော့ ဓန ဆိုဖာပေါ်တွင် ပစ်ထိုင်ချလိုက်သည်... ပုံမှန်ဆို ဓနက ကိုယ်နှင့် မဆိုင်တဲ့ကိစ္စတွေဆို ခုလို ၀င်စွက်ဖက်ဖို့ နေနေသာသာ စိတ်ကိုမ၀င်စားခဲ့တာ ဖြစ်သည်... ဒီ ဘုန်းမြတ်ကိုကို ဆိုသည့် ကောင်လေးနှင့်ကျမှ ဘာတွေဖြစ်ကုန်မှန်းကိုမသိတော့... အစ်ကိုကြီးဦးအောင်ကို မျက်နှာကြောင့်ဖြစ်ပေလိမ့်မည်...အစ်ကိုကြီးက လွန်ခဲ့သော ၁၀နှစ်ခန့်က ဓန ဆယ်ကျော်သက်အရွယ်မှာ နယ်စပ်၌ အသက်ဘေးတခုမှ ကယ်တင်ပေးထားခဲ့သည့် အသက်သခင်ကျေးဇူးရှင်ဖြစ်သည်...

ဓန ၏အမေက ဓနငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့ပြီး အဖေနှင့်တူတူ နယ်စပ်၌ တရားဝင်ရော တရားမ၀င်ရော စုံတကာစိနေသည့် စီးပွားရေးလုပ်ငန်းများကို လိုက်လံလေ့လာနေခဲ့သော အချိန်၌ အဖေက လူယုံသတ်လို့ အသက်ဆုံးခဲ့ရပြီး အဖေ့တပြည့်တဦး ဖြစ်သူ အစ်ကိုကြီးဦးအောင်ကို က ဓနအား ထိုလူ့ လက်မှ ကယ်တင်ကာ ကာကွယ်စောင့်ရှာက်ပေးခဲ့သူ ဖြစ်သည်...

ထို့ကြောင့် အသက်သခင် အစ်ကိုကြီး၏ သား ဘုန်းမြတ်ကိုကို ကိုလည်း ဓန တတ်နိုင်သရွေ့ ကာကွယ်စောင့်ရှောက်ရမည့်တာဝန်ရှိသည်...ဒီနေ့ပင် အစ်ကိုကြီးက သူ့သား အဆိုးလေး ဘုန်းမြတ်ကိုကို အား စောင့်ရှောက်ပေးရန် အထပ်ထပ်အခါခါ ပြောပြီး အပ်နှင်းလိုက်သည် မဟုတ်ပါလား...

အစ်ကိုကြီး ဦးအောင်ကို က အရင် နယ်စပ်ရှိ တရားမ၀င်လုပ်ငန်းများကို ဖြည်းဖြည်းချင်း ဖြုတ်ချကာ ရန်ကုန်တွင် တရားဝင် ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီတခုကို စတင်အခြေချနေသည်မှာ ၇နှစ်ခန့် ရှိနေပြီဖြစ်သည်... သို့သော်လည်း အချီကြီး တခေါက်ပြီးမှ ဆက်မလိုက်တော့ပဲ အနိုင်နှင့်ပိုင်းကာ ရပ်လိုက်သလိုဖြစ်ခဲ့တာကြောင့် ဆုံးရှုံးခဲ့ရသူတချို့က ခုချိန်ထိ လိုက်နှောက်ယှက်နေကြသေးသဖြင့် သတိနှင့် နေထိုင်နေရဆဲဖြစ်သည်... 

ဓနကတော့ ကျောင်းပြီးကတည်းက တရားမ၀င်လုပ်ငန်းများကို အကုန်ဖြတ်ချထားခဲ့ပြီးပြီ ဖြစ်သည်... ဇာကွန်တွင် နို့ထွက်ပစ္စည်းစက်ရုံများ... ခြံလုပ်ငန်းများနှင့် အခြေချထားပြီး ရန်ကုန်တွင်လည်း ကုမ္ပဏီကြီးတချို့တွင် ရှယ်ရာများထည့်ဝင်ထားကာ ရင်းနှီးမြှုတ်နှံမှုလုပ်နေခဲ့သည်...

Love In ZirconWhere stories live. Discover now