Ep 10 (Z)

8.5K 199 4
                                    

ဘုန်းမြတ်စိတ်ထဲ ခန္ဓာကိုယ်က တင်းကျပ်နေသလိုခံစားရသည်... မျက်လုံးများကို အားယူပြီးဖွင့်ကြည့်လိုက်တော့ မျက်စိရှေ့တွင် ညဝတ်အင်္ကျီမီးခိုးရောင်နှင့် ရင်အုပ်ကျယ်ကျယ်တခုကို တွေ့ရကာ ကြီးမားတုတ်ခိုင်တဲ့ လက်မောင်းကြီးတဖက်ဖြင့် တင်းနေအောင်ပွေ့ဖက်ထားခြင်းကို ခံထားရသဖြင့် လူက မလူးသာမလွန့်သာ...

ပထမတော့ လန့်သွားမလိုဖြစ်ပြီး ရုတ်တရက် နှာခေါင်းနှင့် နီးကပ်နေသော လည်တိုင်ဆီမှ ခပ်သင်းသင်း သစ်သီးနံ့လေးကို ရလိုက်သည့်တခဏ၌ ဘုန်းမြတ်နှုတ်ခမ်းတို့ ကော့ညွှတ်သွားကြတော့သည်...

"အဟင်း"

ဘုန်းမြတ် ကျေနပ်စွာ ခပ်ဖွဖွရယ်လိုက်မိတော့ မျက်စိရှေ့မှ ရင်ခွင်ကျယ်ကြီးက လှုပ်ရှားသွားပြီး တင်းကျပ်နေအောင် ပွေ့ဖက်ထားသည့် လက်တဖက်က နဖူးပေါ်ရောက်လာသည်...

"ဟင် ချာတိတ်...နိုးပြီလား...ဘယ်လိုနေသေးလဲ...ကိုယ်တော့မပူပါဘူး"

"ဦးငယ်"

"ဟင်"

"ဦးငယ်က ဘာလို့ ကျွန်တော့်အခန်းထဲရောက်နေတာလဲ"

ဦးငယ်က တံတောင်တဖက်ထောက်ကာ ခေါင်းတင်လိုက်ပြီး ဘုန်းမြတ်အား ငုံ့ကြည့်လာသည်...

"အဟွန်း...သေချာလဲကြည့်ပါဦးကွ ဘယ်သူ့အခန်းလဲဆိုတာ"

ဦးငယ်ပြောမှ ဘုန်းမြတ် အခန်းပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်မိသည်... ဘုန်းမြတ်က ဦးငယ်အခန်းထဲမှာရောက်နေတာပဲ... ဒီတော့မှ ဘုန်းမြတ်ညက အဖြစ်ပျက်တို့ကို အပြေးအလွှား စဉ်းစားလိုက်ရသည်.... ညက ဦးငယ် ရောက်လာတာပဲ.... ဘုန်းမြတ် ဦးငယ်အိပ်ယာထဲမှာရောက်နေသည့်အဖြစ်ကို ရင်ခုန်သွားမိသည်... ပြီးတော့ ပွေ့ဖက်ခံထားရသေးသည်မဟုတ်လား... ဦးငယ်ရင်ခွင်ထဲရောက်နေရာမှ ဘေးသို့ နည်းနည်းခွာလိုက်ပြီး ဦးငယ်ကို မော့ကြည့်လိုက်သည်... အိပ်ယာထစတောင် ခန့်ညားမှုက လျော့ကျမသွားသည့် လူကြီးအား ခေါင်းအုံးတခုတည်းပေါ်မှ မော့ကြည့်နေရသည်မှာ ရင်ခုန်စရာကောင်းလှသည်...

"ဦးငယ် ကိုမေးစရာရှိတယ်"

ဓန လက်ထောက်ထားလျှက်က ချာတိတ်မျက်နှာကို ငုံ့မိုးကြည့်နေပြီး မျက်ခုံးပင့်ပြလိုက်သည်...

Love In ZirconWhere stories live. Discover now