Ep 15 (Z)

6.7K 206 1
                                    

မြူတွေဆိုင်းနေတဲ့ တောလမ်းလေးကိုကြည့်ပြီး ဘုန်းမြတ်စိတ်ထဲ တမျိုးကြီးခံစားနေရသည်...ပျော်တာလိုလို ဝမ်းနည်းတာလိုလိုနဲ့ တောက လူကို တကယ်ကိုပြုစားနိုင်လွန်းလှပါသည်... တယောက်တည်း အဝေးကြီးလဲ မသွားချင်တာနဲ့ အနီးအနား ခဏပတ်ကြည့်ပြီး အိမ်ဘက်သို့ ပြန်လှည့်လာခဲ့လိုက်သည်...

အိမ်နားရောက်တော့ ခုနက ဖွင့်ထားခဲ့သည့် တံခါးက ပိတ်လျှက်သားဖြစ်နေသည်...တံခါးကြားမှာ ခံထားခဲ့သည့် ပန်းအိုးများ လဲသွား၍လားဟု တွေးကာ တံခါးကို တွန်းဖွင့်ကြည့်တော့ အခိုင်အမာ ပိတ်လျှက်သား...

တယောက်ယောက်က ဘုန်းမြတ် အပြင်ရောက်နေတာ မသိဘဲ လာပိတ်သွားသည်ထင်၏... ဘုန်းမြတ် ဘောင်းဘီအိတ်ထဲမှ ဖုန်းကိုထုတ်ပြီး အိမ်ထဲကိုလှမ်းခေါ်ဖို့လုပ်တော့ ဖုန်းက No signal ဖြစ်နေသည်...

"Shit!"

ခြံအတွင်းနဲ့ အပြင် အုတ်တံတိုင်းခြံစည်းရိုးလေးပဲ ခြားတာကို ဖုန်းလိုင်းက out of service ဖြစ်နေသေးသည်... ဘုန်းမြတ်စိတ်ညစ်သွားရသည်... ခြံစည်းရိုးကလည်း လူနှစ်ရပ်ကျော်ကျော်စာလောက် မြင့်နေသေးသည့်အပြင် ရေညှိတွေတက်နေသေးသဖြင့် ကျော်တက်ရန်လည်း မလွယ်...အော်ခေါ်ရအောင်ကလည်း Back Door နှင့် အိမ်က တော်တော်လေး လှမ်းနေသေးသဖြင့် ဘယ်သူမှကြားမည်မဟုတ်... ခြံစည်းရိုးအတိုင်း ဘေးကနေကွေ့ပတ်သွားလျှင်တော့ ခြံအရှေ့ကို ရောက်နိုင်မည်ဟု ဘုန်းမြတ် တွေးမိကာ ခြံစည်းရိုးအတိုင်း လျှောက်ခဲ့သည်...

သို့သော်လည်း တချို့နေရာတွေမှာ ခြုံတွေ ထူထပ်နေ၍ ခြံစည်းရိုးဘေးမှ ခွါကာ အတွင်းဘက်မှ ပတ်သွားရသည်... တောက Rain Forest လိုမျိုးဖြစ်နေ၍ စိုထိုင်းထိုင်းနှင့် တဖြည်းဖြည်းအေးစိမ့်လာသည်...

ထိုခဏ၌ ဘုန်းမြတ်ရှေ့တွင် ယုန်ညိုလေး တကောင်ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်... ဘုန်းမြတ် အတွေ့အကြုံအသစ်ကြောင့် စိတ်လှုပ်ရှားသွားရသည်... နဂိုကတည်းက သိပ်ကြောက်တတ်တဲ့သူမျိုး မဟုတ်တာကြောင့် ရှည်ရှည်ဝေးဝေးတွေးမနေဘဲ ယုန်ညိုလေးဖြတ်ပြေးရာနောက်ကို ခဏလိုက်ကြည့်ဖို့ ခြေဦးလှည့်လိုက်မိတော့သည်...

Love In ZirconDonde viven las historias. Descúbrelo ahora