"လာ ... အထဲဝင်လေ"
ရင်နှစ် က အရှေ့မှဝင်ပြီး တံခါးကို ခပ်ကျယ်ကျယ်လေးဆွဲဖွင့်ပေးလိုက်သည်... နောင်က သူ့ Luggage လေးကိုဆွဲမကာလိုက်ဝင်လာပြီး မျက်လုံးဝိုင်းလေးများ တလက်လက်နှင့် အခန်းပတ်ဝန်းကျင်ကို လေ့လာ အကဲခတ်နေသည်...
"Waaa အခန်းလေးက ချစ်စရာလေး... အနှစ်က ဒီမှာ တယောက်တည်းနေတာလား"
"အင်း...တခါတလေ ဒီမှာအိပ်တာ...အောက်ထပ်မှာက ရုံးခန်း"
ရင်နှစ်တို့အိမ်က မြို့ထဲနဲ့ နည်းနည်းဝေး၍ နောင့်ကို မြို့ထဲရှိ ရုံးခန်းကို ခေါ်လာခဲ့ခြင်းဖြစ်သည်... မဟုတ်ရင် ရင်နှစ် ရုံးတက်အလုပ်လုပ်နေချိန်၌ နောင် တယောက်တည်း ဖြစ်နေမှာကို စိုးရိမ်မိလို့ဖြစ်သည်... ရင်နှစ်လည်း ကိုယ်က ကူညီတတ်တယ်ဆိုပေမဲ့ နောင့် ကိုကျမှ ကိုယ်ဖိရင်ဖိများ ဖြစ်နေသလားမပြောတတ်ပေ... ပုံစံလေးကိုက ကူညီချင်စရာလေးဖြစ်နေတော့လဲ ခက်သား....
"ဒီနေရာက မြို့ထဲပေါ့နော်...အောက်က ရုံးခန်းက အနှစ် ရဲ့ ရုံးခန်းလား...အနှစ်က ဘာလုပ်တာလဲ"
luggage ကိုလည်း လက်ကမချ ကျောပိုးအိတ်လဲမချွတ်ပဲ အခန်းအလယ်မှာ မတ်တပ်လေးရပ်ပြီး စပ်စုစိန်လုပ်နေသူလေးအား ရင်နှစ်ရယ်ချင်နေမိသည်...
"မင်း အရင် မထိုင်တော့ဘူးလား...စသုံးလုံးကကျနေတာပဲ အမေးအမြန်းကထူလိုက်တာ"
"အာ..."
ထိုအခါမှ နောင်က ကျောပိုးအိတ်ကိုချွတ်ပြီး ကုတင်ဘေးရှိ ဆိုဖာခုံတွင် ဝင်ထိုင်လိုက်သည်...
"မင်း ဗိုက်ဆာနေပြီလား ရေအရင်ချိုးမလား"
"ဟို မဆာသေးပါဘူး"
"ဂွီ!"
"အဲ"
နောင်က အသံမြည်သွားသော ဗိုက်လေးအား လက်ဖြင့်ဖိပြီး ရယ်ကျဲကျဲလေးလုပ်နေသည်...
"ဆာရင်ဆာတယ်ပေါ့ ဘာလို့ညာပြောတာလဲ"
"အနှစ်ကို အားနာလို့ပါဗျ"
"ကားပေါ်အတင်း တွယ်ကပ်လိုက်လာတုန်းက အားမနာဘူးလား"
"အနှစ်ကလဲ...အခွင့်အရေးဆိုတာ ရတိုင်းမယူရဘူးတဲ့"
YOU ARE READING
Love In Zircon
RomanceMyanmar Boy Love Fiction (OC) "မြန်မာပြည် မြေပုံရဲ့ ထိပ်ဖျား တောင်ပေါ်ဒေသလေးမှာ ဇာကွန်လို့ ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့လေးတမြို့ ရှိတယ်...လိင်တူလက်ထပ်ခွင့်ရှိပြီး နှင်းတွေအမြဲကျနေတတ်တဲ့ ချစ်စရာတောင်ပေါ်မြို့လေးမှာ ဦးငယ် က ချာတိတ်နဲ့ လက်ထ...