Ep 19 (U)

22.1K 1.6K 53
                                    

အခုချိန်မှာ တလောကဆုံး၌ အပျော်ဆုံးလူသားကို ပြပါဆိုလျှင် ဓနမင်းဟန် ကိုသာ လက်ညှိုးထိုးရပါလိမ့်မည်... လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက တောင့်တမျှော်လင့်ခဲ့ရတဲ့ နေ့ကို ရောက်လာတော့မည်... မြူတွေဆိုင်းနေတဲ့ ချစ်စရာ ဇာကွန်မြို့လေးမှာ ချာတိတ်နှင့် လက်ထပ်ခွင့်ရတော့မည်...

ဓန အခု ဇာကွန်မြို့တောင်ပိုင်းရှိ စပျစ်ခြံတွင် ရောက်နေတာဖြစ်သည်...ဒီတနေ့တည်းတွင် ဒီနေရာကို ရောက်လာတာ သုံးခေါက်ရှိနေပြီ...ချာတိတ်က မင်္ဂလာပွဲကို ဇာကွန်ရှိနာမည်ကြီး Hotel တွေမှာ မလုပ်ချင်ဘဲ ဓနဝယ်ပေးထားသော သူ့အပိုင် စပျစ်ခြံထဲတွင်သာ outdoor လုပ်ချင်ပါသတဲ့လေ...ငဂျစ်လေးရဲ့ ideas တွေက အမြဲဆန်းသစ်နေတတ်တော့ ဒီလူကြီးက အလိုလိုက်ရပြန်ပါသည်...

"ကိုဓန ခင်ဗျား ရောက်လာပြန်ပြီလား"

"ဘယ်လိုလဲ...သဲမောင်...အကုန်အဆင်ပြေတယ်မဟုတ်လား"

"ကိုဓနရယ် ... ကျွန်တော့်ကုမ္ပဏီကလည်း wedding planning အတွက်ဆို ဇာကွန်မှာ နာမည်ရတဲ့အထဲ တခုအပါအဝင်ပါဗျာ...အားလုံး ခင်ဗျားနဲ့ ကိုကို့စိတ်တိုင်းကျဖြစ်စေရမယ် ဟုတ်ပြီလား"

မင်္ဂလာပွဲအတွက် အကုန်လုံးကို ရင်နှစ်သဲမောင်ဆီမှာ အပ်ထားပြီးဖြစ်ပေမဲ့ ဓနကိုယ်တိုင် ဝင်ဝင်ပါချင်နေ၍ ရင်နှစ်သဲမောင် က ဓနကို ပြောနေပြီဖြစ်သည်...

"သိပါတယ်ကွာ..ကိုယ်က ဒီအတိုင်း Process ကိုသိချင်ယုံပါပဲ"

"ဘုန်းမြတ်ကိုကို ကလည်း ဖုန်းတဂွမ်ဂွမ်နဲ့ ချေးကများသေး"

"ကိုကို့ စိတ်တိုင်းကျသာ ဦးစားပေးလုပ်ပေးပါကွာ...ပြီးတော့ ကိုကိုက မင်းနဲ့ နောင့် ကို အရံ လုပ်ပေးစေချင်သေးတာ"

"လုပ်မှာပါ... ကျွန်တော့်ကောင်လေးက ခုကတည်းက တက်ကြွနေပြီ"

"အိုကေဗျာ...အဟားဟား"

ဓန မှာ ဒီရက်ပိုင်းတွေအတွင်း အလိုလိုကိုစိတ်လက်ချမ်းသာနေရတာ အရာရာတိုင်းက ပျော်ရွှင်ဖွယ်ရာအတိဖြစ်နေသည်... အရင်က ဓနကို လူတွေကအရာရာပြည့်စုံနေသည်လို့ထင်ကြသည်... တကယ်က အခုမှ ချာတိတ်ကြောင့် ပြည့်စုံသွားရတာဖြစ်သည်... ထိုအခိုက် ရင်နှစ်သဲမောင်က မျက်နှာကို ရှုံ့မဲ့ပြီး ဖုန်းကိုထောင်ပြသည်... ချာတိတ်က ဖုန်းခေါ်နေပြန်ပြီ... ဓနက ရယ်လျှက် စပီကာဖွင့်ခိုင်းလိုက်သည်... ဂျစ်တူးလေးရဲ့ ideas တွေကို နားထောင်ချင်သေးသည်...

Love In ZirconWhere stories live. Discover now