Ep 9 (U)

21K 1.9K 92
                                    

ဓန နှင့် အိုက်လုံတို့ မိုးနီမြို့ မြို့နယ်ရဲစခန်းတွင် ရောက်နေကြသည်... စခန်းမှုးနဲ့ နယ်ထိန်းရဲက သူတို့ရရှိထားသော CCTV record များကို ဖွင့်ပြသည်... ထို့နောက် အစ်ကိုကြီးဦးအောင်ကိုတို့ ကားမှရထားသော video recorder ကိုလည်း ဖွင့်ကြည့်ကြသည်...

ဓန ရော အိုက်လုံ ရော နှစ်ယောက်လုံး မြို့အထွက်တွင် တွေ့လိုက်ရသော CCTV ထဲမှ Driver ၏ပုံပန်းကို ခပ်ရေးရေးသာ မြင်ရသော်လည်း ဘယ်သူမှန်း တန်းသိလိုက်ကာ တယောက်ကို တယောက်ကြည့်လိုက်ကြသည်...

ထို့နောက် ဓနက ဦးအောင်ကို၏ ကားမှ video recorder ကို တခေါက်ပြန်ဖွင့်ပြခိုင်းလိုက်သည်...
ကားက လာရှိုးမြို့ သို့ရောက်ခါနီးတွင် ချောက်ထဲထိုးကျသွားခြင်းဖြစ်သည်.... ထိုနေရာတွင် ဓနက မူမမှန်သော တခုကို သတိထားမိလိုက်သည်...

"ခဏ...ဒီနေရာ နောက် နည်းနည်းလောက်ပြန်ရစ်ပေးပါ...ဟုတ်ပြီ... စခန်းမှုး ဒီနေရာမှာတွေ့လား ကားက ချောက်ထဲ မကျရင်မှာ ဘေးကို ရမ်းရမ်း သွားတာ တခါမကဘူး.... တောက်လျှောက်ငြိမ်လာပြီး ဒီနေရာကစပြီး နည်းနည်းဘေးကို ကပ်သွားတယ်..."

စခန်းမှုးနဲ့ အခန်းတွင်းရှိလူများ အားလုံးက ဓနပြောပြသည်ကို စိတ်ဝင်တစား နားထောင်နေကြသည်...

"သဘောကတော့ ကားတစီး ဘေးကိုကပ်လာလို့ လမ်းပေးတဲ့ သဘောပဲ...ဒါပေမဲ့ ဘာကားမှ ကျော်တက်သွားတာမျိုး မရှိပဲနဲ့ ဦးအောင်ကိုရဲ့ ကားကသာ ဘေးကို ရမ်းခါသွားတာ"

"ဒါ ကားကို ဘေးကနေ ကပ်တိုက်ပစ်တဲ့ သဘောပဲ"

"ဟာ ဟုတ်တယ် အဲ့ဒါမျိုး သုံးလေးကြိမ် ဖြစ်ပြီးမှ ချောက်ထဲထိုးကျသွားတာ"

"စခန်းမှုး ခုနက CCTV မှာ ပါတဲ့ လူက နယ်စပ်က ကျားနီ အဖွဲ့က လူပဲ"

စခန်းမှုး က မျက်နှာပျက်စွာနှင့် သက်ပြင်းချလိုက်သည်...

"ကိုဓန ခင်ဗျား သိတဲ့အတိုင်းပဲ နယ်စပ်က အဖွဲ့တွေအကုန်လုံးက အစိုးရ အကြီးပိုင်းတွေ အောက်ကချည်းပဲ ကျွန်တော်တို့ ဘာမှ လုပ်ပေးလို့မရဘူးဗျ"

"ကျွန်တော် နားလည်တယ်... ကျွန်တော်တို့ ကိုယ့်ဟာကိုယ် ကြည့်ရှင်းမယ် စခန်းမှုး ဆီက အကူအညီတချို့ပဲယူမယ် ခင်ဗျား မနစ်နာစေရဘူး ကျွန်တော်ပြောတာ သဘောပေါက်လား"

Love In ZirconWhere stories live. Discover now