"အနှစ်...ဒီမှာလေ မြင်ရလား"
"အင်း...နောင်... နောက်ကို နည်းနည်း ဆုတ်လိုက်...ရပြီ ရပြီ..မြင်ရပြီ...လှတယ်...နောင်နဲ့ လိုက်တယ်"
"တကယ်လား...ကျွန်တော်က တီရှပ်တွေ ဘောင်းဘီတိုတွေပဲ ဝတ်တာများတော့ စတိုင်ပန် တွေဝတ်ရတာ တမျိုးကြီးဖြစ်နေလို့...အနှစ် ဝယ်ပေးလို့သာ...ကိုယ့်ဟာကိုယ် ဆို မဝယ်ဖြစ်ဘူး"
"ဆရာဝန်လောင်းလေးက ခုကတည်းက ဝတ်တတ်အောင်ကျင့်ထား...ဆရာဝန်ကြီးဖြစ်ရင် အဲ့လိုတွေဝတ်ရတော့မှာ"
"ကျွန်တော်က အရင်ကဆို အသုံးအဆောင်တွေ၀ယ်ရတာ ၀ါသနာမပါဘူး...ငယ်ငယ်ကတော့ မေမေ၀ယ်ပေးတာပဲ၀တ်တာ...နည်းနည်းကြီးလာတော့ ကိုကိုက သူ့အတွက်၀ယ်ရင် ကျွန်တော့်အတွက်ပါ ပို၀ယ်ပေးတာ"
"နောင်...နောက်ဆို ကိုကို့ကို မ၀ယ်ခိုင်းနဲ့တော့နော်...ကိုယ်၀ယ်ပေးတာတွေပဲသုံးတော့"
"အင်းပါ... အနှစ်လည်း ခဏခဏတွေ မပို့နဲ့နော် ကျွန်တော့်မှာ များနေပြီ ဒါတွေကုန်အောင် ဝတ်လိုက်ဦးမယ်"
"တကူးတကကြီး မဟုတ်ပါဘူးကွာ...ကိုယ်သွားရင်းလာရင်း ကြုံလို့ပါ...ဘာမြင်မြင် နောင့်ကိုဝယ်ပေးချင်စိတ်ကပေါက်လာတာ"
"အား...Sugar Daddy ကြီးက အမ်းချက်ဗျာ"
"အဟားဟား...အင်းပေါ့...သူငယ်လေးက အရမ်းတွေပစ်ကြွေချင်စရာကောင်းနေတော့ အမ်းရတော့တာပေါ့"
"ဟားဟား...အနှစ်ကတော့ဗျာ"
ရင်နှစ်က နောင့်အတွက်အသုံးဆောင် ပစ္စည်းလေးများ ကြုံရင်ကြုံသလိုဝယ်ပြီး ရန်ကုန်သို့ပို့ပို့ပေးတတ်သည်... ဇာကွန် က နယ်စပ်နဲ့နီးတော့ ရန်ကုန်ထက် ပစ္စည်းပိုစုံသည်... အခုလည်း ပစ္စည်းတွေရောက်လာ၍ နောင်က ရင်နှစ်အား Video Call ခေါ်၍ တခုပြီးတခုထုတ်ကာပြနေခြင်းဖြစ်သည်...
"သားရေ...ထမင်းမစားသေးဘူးလား"
ထိုအခိုက် ဖုန်းထဲမှနေ၍ အန်တီမေ့အသံကိုကြားလိုက်ရသည်...
"မဆာသေးဘူး မေမေ...ခုနကမှ ဘာဘယ်လ်တီး သောက်ထားလို့"
"ကြည့် အချိန်အခါမဟုတ်တွေ သောက်ပြန်ပြီ...သြော် Video call ပြောနေတာလား...ဘယ်သူလဲ"
YOU ARE READING
Love In Zircon
RomanceMyanmar Boy Love Fiction (OC) "မြန်မာပြည် မြေပုံရဲ့ ထိပ်ဖျား တောင်ပေါ်ဒေသလေးမှာ ဇာကွန်လို့ ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့လေးတမြို့ ရှိတယ်...လိင်တူလက်ထပ်ခွင့်ရှိပြီး နှင်းတွေအမြဲကျနေတတ်တဲ့ ချစ်စရာတောင်ပေါ်မြို့လေးမှာ ဦးငယ် က ချာတိတ်နဲ့ လက်ထ...