Ep 5 (Z)

7.6K 225 0
                                    

ပြုတင်းမှန် တံခါးမှ နေရောင်ကြောင့် ဘုန်းမြတ် နိုးလာခဲ့ရသည်... ညက လိုက်ကာဆွဲပိတ်ရန် မေ့သွားခဲ့ခြင်းဖြစ်မည်... နာရီကို ကြည့်လိုက်တော့ မနက် ၉ နာရီထိုးခါနီးပြီ... မနေ့ညက ညစာစားပြီးချိန်၌ ဦးငယ်၏ သတိပေးစကားဖြစ်သော ညစောစောအိပ်ရန်နှင့် မနက်၆ နာရီအမှီထရန် ဆိုသည်အား အောင်မြင်စွာ ချိုးဖောက်နိုင်ခဲ့ပြီ ဖြစ်သည်...

"အဟင်း"

ဘုန်မြတ် မျက်လုံးများ ပြန်မှိတ်ထားလိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်... မနက်က ဖိုးထူး တံခါးခေါက်ပြီး လာနှိုးသေးသည်...ဘုန်းမြတ် တမင်ပေပြီး ဆက်အိပ်နေခဲ့တာဖြစ်သည်...ဒီလောက် လွယ်လွယ်နဲ့ ကိုင်တွယ်ထိန်းချုပ်ခံနေရင် ဘုန်းမြတ်ကိုကို ဘယ်ဟုတ်တော့မလဲ...အိပ်ယာထဲမှာ ခဏကြာအောင် အပျင်းကြောဆွဲ လူးလှိမ့်နေပြီးမှ ထကာ ပြုတင်းပေါက်၌ ရပ်၍ အကြောအချဉ် ဆန့်လိုက်သည်...ထိုခဏမှာပဲ ပြုတင်းပေါက်မှ လှမ်းမြင်ရသော မြင်ကွင်းကြောင့် ဘုန်းမြတ် မျက်လုံးပြူးသွားရတော့သည်...

"What the shit is that?"

ဘုန်းမြတ် မြင်ကွင်းထဲသို့ တိုးဝင်လာသည်က ဖိုးထူး...

ဖိုးထူးက ခြံထဲတွင် မြက်ခင်းပေါ်၌ ဒူးထောက်၍ လက်နှစ်ဖက်ကို မြှောက်ကာ ခေါင်းပေါ်တင်ထားရသည်...ပုံစံက တခုခုအပြစ်လုပ်မိ၍ ဒဏ်ပေးခံထားရသည့်ပုံ... ဘုန်းမြတ် အခန်းထဲမှ အမြန်ထွက်ကာ ဦးငယ်ကို ရှာရန်လုပ်နေစဉ် ဦးငယ်ကလည်း သူ့အခန်းထဲမှ ထွက်လာချိန်နှင့် တည့်တည့်တိုးလေသည်...

ဦးငယ်က ရေချိုးထားပြီးပုံရသည်... ပေါ့ပေါ့ပါးပါး တီရှပ်လက်တိုတထည်နှင့် ချည်သားဘောင်းဘီရှည်အား ဝတ်ထားကာ အရွယ်နှင့် မလိုက်အောင် နုပျိုချောမောနေသည်...
ဘုန်းမြတ် ဦးငယ်၏ ရှေ့တွင်ပိတ်၍ ရပ်လိုက်သည်... ဦးငယ်က ဘုန်းမြတ်အား မျက်မှောင်ကျုံ့၍ ကြည့်လာသည်...

"ဦးငယ်...ဖိုးထူးကို ဘာလုပ်ထားတာလဲ"

"မင်း အချိန်ဇယား အတိုင်း မလိုက်နာလို့ အပြစ်ပေးထားတာ"

"ကျွန်တော် မလိုက်နာတာ ဖိုးထူးနဲ့ ဘာဆိုင်လို့လဲဗျ"

"မင်းကို လေ့ကျင့်ရေးကွင်းထဲကို ခေါ်လာရမှာ သူ့တာဝန်ပဲ...သူ တာဝန်မကျေလို့ အပြစ်ပေးထားတာ...ရှေ့ဆက်ပြီးလည်း မင်း မလိုက်နာသမျှကိစ္စတွေအကုန်လုံးအတွက် ဖိုးထူးရော ကျန်တဲ့သူတွေရော အကုန် အပြစ်ပေးခံရမယ်"

Love In ZirconDonde viven las historias. Descúbrelo ahora