ယယ်ဂျီက ဒီနေ့မနက်လည်း အတူတူ shopping ထွက်ဖို့လာခေါ်သည်..ထို့ကြောင့် ဒယ်ဒီ ရုံးသွားနေသည်ကို ယောင်း ဖုန်းလှမ်းဆတ်ကာ ခွင့်တောင်းနေခြင်းပင် ...
" ဒယ်ဒီ ..1 နာရီ 2 နာရီ လောက်ပါပဲ နော် please eee '
" မြန်မြန်သွားပြီး ပြန်လာခဲ့ ..
နွေးနွေးထွေးထွေးဝတ်သွား ကြားလား ယောင်း "" ဟီးး ဂိုမာဝေါ ဂိုမာဝေါ ယို ~~ "
ပျော်မြူးနေသော တစ်ဖက်က အသံကြောင့် Jimin အသာ ပြုံးမိသည် ..
ဘယ်လိုတောင် လည်ရရင် ပျော်နေတာလဲ ?
' boss ! ဧည့်သည် လာပါတယ် .. '
' ဘယ်သူလဲ '
အတွင်းရေးမှူးဖြစ်သူကို မေးနေတုန်းမာပဲ အခန်းထဲကို ဝင်ဖူးထွက်ဖူးသူလူ အခန်းတံခါးဆွဲဖွင့်ကာ ဝင်လာတဲ့ မိန်းကလေးတစ်ဦး ..
နီနီရဲရဲ ဒေါက်မြင့်ဖိနပ်တွေက သူမ ခြေသလုံးတို့နဲ့ လိုက်ဖက်စွာ နေကာ မျက်မှန်အမဲကို စတိုင်လ်ကျကျ တပ်ဆင်ထားတဲ့သူမက
Jimin ရဲ့ တစ်ချိန်က ရည်စားဖြစ်ခဲ့ဖူးသူ Jung Marry ..
' ခွင့်မတောင်းဘဲ ဝင်လာရအောင် မင်းကဘာလဲ Marry ? '
' တို့ကလား ? ဘာပါလိမ့် တို့ပြောပြရမလား Jimin shi.. '
Jimin အလုပ်လုပ်တဲ့ စားပွဲပေါ် စကပ်အခွဲဖြင့် တစောင်းဝင်ထိုင်လိုက်ရင်း မျက်မှန်ကို ချွတ်ရင်း ပြောလာသည် ..
Jimin တစ်ချက် ကျစ်သတ်မိသည် ..
အတွင်းရေးမှူးက အကြောင်းသိသူပီပီ အပြင်ထွက်သွားတော့
' ငါတို့ ပတ်သတ်မှုက ပြီးခဲ့ပြီ Marry '
ခိုင်မာစွာ ဆိုလာသော သူ့စကားကို သူမက မဲ့ပြုံးပြုံးသည် ..
' တို့ကတော့ မပြီးသေးဘူး Min .. ဒီ နှစ်တွေအတွင်း တစ်ရက်ကလေးမှ ရှင့်ကို မေ့လို့မရခဲ့ဘူး သိရဲ့လား '
ပလီပလာတွေ လျှောက်ပြောနေတာကို Jimin သိသည် ..
အခုလည်း new York က ပြန်လာတာ ငွေ ကုန်ပြီမို့ ..
လမ်းခွဲပြတ်ဆဲပြီးနောက် သူမ အကြောင်းတွေက သိတုန်းကထက် ပိုပြီး မကောင်းခဲ့တဲ့ နောက်ကြောင်းတွေ အများကြီးရှိသည် ..
YOU ARE READING
PLAYING WITH DOLL [ Complete ]
FanfictionPromote dialogue - "ကိုယ့်ကြွေရုပ်ကအမြဲ ကိုယ်တစ်ယောက်တည်းကိုပဲ သဘောကျပြီး နေသွားရမှာ .. ဒါသည်ကိုယ်လိုလားတဲ့အရာမို့ ငြင်းဆန်လို့မရဘူး .. ဘာလို့လဲ?သိလား..မင်းကိုချစ်မိနေတဲ့သူက မင်းရဲ့မွေးစား အဖေမို့လို့ပဲ .." Readers x Park Jimin [ nomal ] Warning...