ရုတ်တရက် တိုက်ခန်းမီးလောင်တဲ့ထဲ ပါသွားလို့ အိမ်ခြေယာမဲ့ဖြစ်သွားတဲ့ Marry က သူ့အိမ် ကောက်ကာငင်ကာ ရောက်ချလာတယ် ..Jimin စိတ်ရှုပ်စွာ ကျစ်သတ်မိရင်း hotel သွားနေဖို့ ပြောပေမယ့် သူမက လက်မခံ ..
ငြင်းရအောင်လည်း မငြင်းသာတဲ့အခြေအနေမို့ သည်းခံခဲ့ခြင်းဖြစ်သည် ..
ကလေးကို ဘယ်လို ရှင်းပြရင်ကောင်းမလဲ အကြပ်ရိုက်နေချိန် ..
သူ့ကလေးကလည်း အိမ်ကို တန်းတန်းမှတ်မှတ် ပြန်ရောက်လာလေပြီ ..
သူ့ ကလေးရဲ့ မျက်ဝန်းတွေကို မြင်လိုက်ရသည် ..
နာကျင်မှုအပြည့်နဲ့ ကြည့်နေခဲ့တဲ့ မျက်ဝန်းလေးတစ်စုံပေါ့ ..
အခုလည်း ညစာဆင်းမစားသောကြောင့် Jimin ရင်တို့ လောင်နေပြီဖြစ်သည် ...
' ကို .. ဟို ယောင်းအာကို Marry သွားခေါ်လိုက်ရမလား ဟင် '
မင်း ခေါ်ရင် လိုက်မယ်တဲ့လား ... ကျစ် !
' နေ .. ကိုယ် သွားခေါ်လိုက်မယ် '
သူမ အပြုံးလေးဖြင့် ခေါင်းငြိမ့်လိုက်ပြီး Jimin ထွက်သွားသည့် နောက်တွင်တော့ မဲ့ကာ မျက်လုံးတို့ လန်ကြည့်မိသည် ..
စိတ်ရှုပ်စရာကောင်းလိုက်တာ !
Jimin အခန်းတံခါးဖွင်တော့ အိပ်ယာပေါ်က ယောင်းသည် ကျုံ့ကျုံ့လေးထိုင်နေသည် ..
သူ ဝင်လာတာမြင်လို့ထင် တစ်ခြားတစ်ဖက်ကို လှည့်သွားပြီး ပြန်လှည့်မလာတော့ ..
သက်ပြင်းအသာ ချကာ ဘေးနား ဝင်ထိုင်တော့ ..
အနည်းငယ် ရွှေ့သွားသော ကိုယ်လေး ..
' ထမင်းစားရအောင် '
' ..... '
Jimin မြင်သည် .. နီရဲနေတဲ့ နှာလုံးတို့နှင့် မျက်ဝန်းရဲရဲလေးတို့သည် ဘယ်လောက်ထိ ငိုထားသလဲဆိုတာ ...
' ကိုယ်ပြောထားတယ်လေ ဘာမဟုတ်တာကို ငိုစရာမလိုဘူးလို့ '
သူချောမော့ကာ လေသံလေးနဲ့ ပြောလိုက်ပါသော်လည်း တစ်ဖက်က ကလေးရဲ့ အသံကတော့ ကွဲအပ်နေခဲ့တယ်..
ESTÁS LEYENDO
PLAYING WITH DOLL [ Complete ]
FanficPromote dialogue - "ကိုယ့်ကြွေရုပ်ကအမြဲ ကိုယ်တစ်ယောက်တည်းကိုပဲ သဘောကျပြီး နေသွားရမှာ .. ဒါသည်ကိုယ်လိုလားတဲ့အရာမို့ ငြင်းဆန်လို့မရဘူး .. ဘာလို့လဲ?သိလား..မင်းကိုချစ်မိနေတဲ့သူက မင်းရဲ့မွေးစား အဖေမို့လို့ပဲ .." Readers x Park Jimin [ nomal ] Warning...