|•𝙿𝙻𝙰𝚈𝙸𝙽𝙶 𝚆𝙸𝚃𝙷 𝙳𝙾𝙻𝙻 •| 𝙴𝚙 1

10.9K 226 6
                                    

Y/n name : Kim YeongEur ( ယောင်းအာ )

Royal Bar တစ်ခုလုံး ပွစာ‌ကြဲလောက်အောင် သူ့လူတွေနဲ့ လာ ‌သောင်းကျန်နေတာတောင် အကြောတင်း ပိုင်ရှင်က

သူ့ အကြွေးပေးဖို့ကို Bar ထဲက ကောင်မတွေသာ ထိုးပေးနေသည်မို့ Jimin တောက်ခေါက်ကာ ထိုလူ့ရင်ဝကို ဆောင့်ကန်ပြစ်လိုက်သည် ...

' မ မလုပ်ပါနဲ့ ! တကယ် ပေးစရာမရှိသေးလို့ပါ ဒီမှာ ရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေနဲ့ ချေပေးလို့ရမလား ကျေးဇူးပြုပြီးတော့
အ.အလွှတ်ပေးပါ sir ! '

ကြောက်"လန့်" နှင့် ပျာယာစွာ ပြောလာသော ထိုလူ့နောက်
Bar ရဲ့ နောက်ကနေ ပြေးထွက်လာတဲ့ ကလေးလေး တစ်ယောက် က သူ့ကို တွန်းထိုးကာ

' အီးးး အာပါး ! အာပါးကို အလွှတ်ပေးပါ ! ဘာ ဘာလုပ်တာလဲ ဟိတ်လူကြီး ! '

သူ့ကို လာရိုက်ကာ ကုတ်ဆွဲလာသော ကြွေရုပ်လေးအလား ကလေးမလေးကို ငုံ့အကြည့်

၁၀နှစ်အရွယ် ကလေးတစ်ယောက်က ဒီလောက်တောင် လှဖို့လိုလို့လား ..

Jimin မဲ့ပြုံးပြုံးကာ အောက်က ကြမ်းပြင်ကလူကို ကြည့်ရင်း ..

' မင်းအကြွေးတွေကို ချေချင်လား '

' nae ! nae ..sir ! '

' ကလေးကို ငါ့ လက်ထဲထည့်လိုက် '

ပြတ်သားစွာ ထည့်လာတဲ့ အသံနောက်မှာ ထိုလူက Jimin ထင်ထားသလိုတော့ မဟုတ် ။

ထိုးချက်တို့အောက်က မျက်နှာက ခပ်ဟဟ ပြုံးရင်း

' စောစောက ပြောရောပေါ့ sir.. ဒီ မွေးမနာသမီးကို သူ့အမေဆုံးပြီးကတည်းက ကြည့်လာရတာ ဘယ်အချိန်ထိများလဲ လို့

မကြားဝံမနာသာသော စကားတွေကြား ထို
ကလေးကို ကြည့်‌တော့ ထိုလူ့ကို နားမလည်သလိုလေးကြည့်ကာ

မျက်ရည်တို့ဝဲ နေလေသည် ..

' ဆိုတော့ မင်းပြောချင်တာက .. '

' ခေါ်သွားပါ sir .. ဒီ ဆိုင် ရဲ့ အကြွေးတွေ အားလုံးသာ ကြေမယ်ဆိုရင်ပေါ့ ဟက် စာချုပ်စာတမ်းနဲ့နော်.. '

' ဟင့်အင်း ဟင့်အင်း ! အာပါး မလိုက်ဘူး ! '

အနားက ထွက်ပြေးသွားတဲ့ ကလေးကို သူ့လူတွေက အတင်းအကြပ် ဖမ်းထားတော့ သူ့ကို အသနားခံ မျက်ဝန်းတို့နဲ့ လာကြည့်တာကို ဆုံသည် ..

PLAYING WITH DOLL [ Complete ]Tempat cerita menjadi hidup. Temukan sekarang