Park Jimin တစ်ယောက် ရုံခန်းတွင် တောက်တစ်ခေါက်"ဖြစ်နေရသည်က အလုပ်ဂျပိုးလေးယောင်းငယ်ကြောင့် ။သူ့မှာ အလုပ်မလုပ်စေချင်တာ အဲ့တာတွေကြောင့် အခုလဲကြည့် အလုပ်သွားတာ တစ်လမပြည့်သေးဘူး တစ်ခါလာလဲ ကုမ္ပဏီ ညစာစားပွဲ ၊ လူသစ်ကြိုဆိုပွဲ ၊ ဧည့်ခံပွဲ..
ဘယ်လို ကုမ္ပဏီက ဒီလို စောက်ရေးမပါတဲ့ ညစာစားပွဲတွေကြီးပဲလုပ်နေရတာလဲ ..
အလုပ်တွေပြီးလို့ အိမ်ပြန်ရင်တောင် တစ်ယောက်တည်း ဘာလုပ်ရမလဲ ! အခု ..
စိတ်ကိုလျှော့ကာ ဖြေထားရသည်ကလဲ တစ်ခါမဟုတ် ၊ နှစ်ခါ
ဒီနေ့တော့ ယောင်းကို သေချာပေါက် ဆွဲခေါ်လာခဲ့ရမယ်ဟု ဆုံးဖြတ်လိုက်ကာ ချက်ချင်းပင် company ထဲက မောင်းထွက်လာမိသည် ။
" ယောင်း အခု ဘယ်မှာလဲ?"
" ဟင် ဒယ်ဒီ ဘာလို့တုန်း .. "
" ကျစ် ဘယ်မှာလဲလို့ဆိုကွာ "
" ဟို .. မြောင်းဒုံက အသားကင်ဆိုင်မှာ ပဲလေ .. "
" အခုပဲ အဲ့ကပြန်လာတာ .. "
တစ်ဖက်က ဒယ်ဒီ့အပြောကြောင့် ယောင်းအာ ကျောလေးစိမ့်ခနဲ ..
" ကိုယ့်ကို လိမ်လို့ရမယ်ထင်နေလား ယောင်း "
" ဒယ်ဒီ ~ ယောင်းလေ အဲ့ဒါကဒီလိုရှိတယ် ...
... အဟင့် "ဖုန်းတစ်ဖက်က ငိုသံနောက် ဘုမသိဘမသိအချိန်ဆို ပျာယာသွားရမည်မာအမှန်ပေမယ့် ကလေးငယ်ကို ထောင့်တစ်နေရာက အစအဆုံးမြင်နေရသည်မို့ ..
သူမရဲ့ မလှမ်းမကမ်းတစ်နေရာကနေ ကားရပ်ထားရင်း အငိုချူတော့မယ့် အကယ်ဒမီကြွေရုပ်ငယ်ကို အသာကြည့်နေလိုက်သည် ..
ကာရာအိုကေတောင်လာပြီး ကဲနေရတဲ့အထိ
သတ္တိတွေကောင်းနေတာများ ..
အလုပ်ဖော်တွေပြန်သွားတာတောင် မပြန်နိုင်သေးတဲ့အထိ ဒီလူသားက အဲ့သလောက် ပျော်နေရှာသလား
Jimin မှာ ထိုအကယ်ဒမီဆိုဒ်ဖမ်းထားသော သူမကို ဒေါသလဲထွက် ၊ အသည်းလဲတယားယား သာ ကြည့်နေရသည် ..
ВЫ ЧИТАЕТЕ
PLAYING WITH DOLL [ Complete ]
ФанфикPromote dialogue - "ကိုယ့်ကြွေရုပ်ကအမြဲ ကိုယ်တစ်ယောက်တည်းကိုပဲ သဘောကျပြီး နေသွားရမှာ .. ဒါသည်ကိုယ်လိုလားတဲ့အရာမို့ ငြင်းဆန်လို့မရဘူး .. ဘာလို့လဲ?သိလား..မင်းကိုချစ်မိနေတဲ့သူက မင်းရဲ့မွေးစား အဖေမို့လို့ပဲ .." Readers x Park Jimin [ nomal ] Warning...