Uni နောက်ဆုံးနေ့မို့ ကျောင်းသားနှုတ်ဆတ်ပွဲ သွားဖို့ ခွင့်တောင်းသည်ကို ဒယ်ဒီက သူမပါရင် မသွားရဘူးဆိုပြီး အနောက်က လိုက်လာသည် ..Bar တစ်ခုက အထူးဝိုင်းတစ်ဝိုင်းမာ သူတို့ကျောင်းသား ကျောင်းသူတွေ တစ်ရုံးရုံး ဖြင့် ..
အားလုံးသည် ကျောင်းသားများ ကိုယ်စီကိုယ်စီသာ လာကြတာဖြစ်ပါသော်လည်း သူ့မှာမူ ပိုင်ရာဆိုင်ရာကြီးဖြင့် ..
အတန်းထဲက ပွဲစီစဉ်သူ ယောက်ျားလေးများသည် ဒယ်ဒီ့ကို ဘုကြည့်ကြည့်နေကြသည်မို့ ..
"ငါတို့က ကိုယ့်ဟာကို ရှင်းမှာပါနော် " ဆိုသော အကြည့်ဖြင့် ပြန်ကြည့်ပေးလိုက်ရသည် ..
ဝိုင်းဆီသို့ အရောက် အားလုံးက မိန်းခလေးတွေက တစ်ဝါးဝါးဖြင့် ..
"ဟဲ့ ယောင်း နင့် ဒယ်ဒီကို ခေါ်လာတာလား ! "
" အာ ဦးက ချောလိုက်တာ .. "
' ကြိုက်သလောက်ပျော်ကြနော် .. ကိုယ် တကာခံမယ် '
" တကယ်ကြီးလား ! "
" hyung unlimited လား "
' hk..မင်းတို့သောက်နိုင်သလောက်ပေါ့ '
" အာ .. လာရကျိုးနပ်ပြီကွ ဟားး ! Hyung Hyung .. ! ဒီ့ထက်မက ချမ်းသာပါစေ ဗျ ! ရေးးးး ! "
ဒယ်ဒီ့ရဲ့ စကားအဆုံးမာတော့ မျက်လုံးပြူးရသူက ယောင်းအာ..
ပါလာတဲ့ လူတွေအားလုံးက ခေသူမဟုတ် အရက်ဂျိုးများသာ .. ဒယ်ဒီ မွဲဆေးဖော်နေတာပဲ .. "
ဟိုကောင်တို့အုပ်စုကတော့ မျက်နှာများ ပြုံးဖြီးကုန်ကာ
Hyung Hyung ဖြင့် ကပ်ဖားနေကြပြီဖြစ်သည် ..
ကြည့်လို့ကို မရပါ ။
ယောင်းသည် ဝိုင်းရဲ့ ထောင့်ဆုံးမှ ယယ်ဂျီဆိုသော အခင်ဆုံးသူငယ်ချင်းနှင့် အတူထိုင်ပြီး အကင်တွေသာ စားလိုက် စကားတပြောပြောဖြင့်
အာလာပ သာလပါ ထိုင်ပြောနေသည် ...ဒယ်ဒီကတော့ ဒီဝိုင်းရဲ့ ဒါရိုက်တာကြီးဆိုတော့ ဟိုဘက်မှာ ..
အတန်းထဲမှ မိန်းမများမာမူ .. နဂို ငှက်ဆိုးထိုးသံတွေက ဒီနေ့ကျမှ sweet voice များဖြင့် ..
VOCÊ ESTÁ LENDO
PLAYING WITH DOLL [ Complete ]
FanficPromote dialogue - "ကိုယ့်ကြွေရုပ်ကအမြဲ ကိုယ်တစ်ယောက်တည်းကိုပဲ သဘောကျပြီး နေသွားရမှာ .. ဒါသည်ကိုယ်လိုလားတဲ့အရာမို့ ငြင်းဆန်လို့မရဘူး .. ဘာလို့လဲ?သိလား..မင်းကိုချစ်မိနေတဲ့သူက မင်းရဲ့မွေးစား အဖေမို့လို့ပဲ .." Readers x Park Jimin [ nomal ] Warning...