မြက်ခင်းလေးတွေပေါ်မှာ ထိုင်ရင်း လပ်တော့တစ်ခုနဲ့ အလုပ်ရှုပ်နေသည်ကို အလုပ်ကပြန်လာသော ဒယ်ဒီသည်ချက်ချင်းပင် ယောင်း ရှေ့ရောက်လာပုံရသည် ..
မော့ကြည့်တော့ နေကာမျက်မှန်အမဲကို ဟန်ပါပါတပ်ထားကာ ယောင်းကို ငုံ့ ကြည့်နေသောကြောင့် ပြုံးမိသေး ..
ချောလိုက်တာနော် ဒယ်ဒီကလေ ..
ငေးမောနေတုန်း ဘေးနားတွင်လာထိုင်ကာ ..
' ဘာတွေအလုပ်ရှုပ်နေရတာတုန်း ကိုယ့်မိန်းမလေးက ဟမ် '
' ယောင်း အလုပ်ရှာနေတာ ဒယ်ဒီ ! ဒီမှာကြည့် လူခေါ်ထားတယ်'
' ကျစ် ! ကိုယ် ဘယ်နှစ်ခါပြောပြီးပြီလဲ မလုပ်ရပါဘူးဆို .. '
သူပြောတော့ ယောင်းမျက်နှာသည် ချက်ချင်း မဲ့ကျသွားသည် ..
သို့သော် လက်လျှော့မည့်ပုံတော့မပေါ်ဟန် ..
' ဟို ..သူက တစ်လစာကို US ဒေါ်လာ ၂ သိန်းခွဲတောင်ပေးမာ '
' မင်း ဒယ်ဒီက မပေးနိုင်လို့လား ? '
' အာ့ဆို ယောင်း ဘွဲ့ယူထားဝာာ ဘာလုပ်ဖို့ .. '
' ထိုင်စားဖို့လေ ဒယ်ဒီ့ ပိုက်ဆံတွေကို ထိုင်စားရုံပဲ '
' အဲ့လိုမနေချင်ဘူး ယောင်း အလုပ်လုပ်ချင်တာ '
' ကိုယ်က မလုပ်ရဘူးလေ ပြောနေတယ်လေ ယောင်း '
' ဟင့်အင်း လုပ်မှာ ဒယ်ဒီ .. ယောင်း ဆုံးဖြတ်ထားတယ် '
သေချာပြောကာ ထိုနေရာကနေထလာခဲ့ရင်း အိမ်ထဲဝင်လာခဲ့သည် ..
ဘာလို့ အလုပ်လုပ်ဖို့ကို ဒီလောက်တောင် ပြောနေရတာပါလိမ့် ..
မဟုတ်ပါဘူး ဒါက ဂုဏ်ယူစရာမဟုတ်လား ..
ဒယ်ဒီ့ယောင်းက အလုပ်ရှိအကိုင်ရှိ ဖြစ်လာတော့မာကို ..
ဟူးခနဲ သက်ပြင်းမောကို ချထုတ်လိုက်ရင်း ရေခဲသေတ္တာထဲက နွားနို့ဘူးကို ယူရင်းမော့ချပြစ်သည် ..
ခနနေတော့ ဒယ်ဒီလည်း အထဲကိုဝင်လာသည် သို့သော် ယောင်းဆီတော့မဟုတ် သူ့ဘာသာ အပေါ်ထပ်တက်သွားခြင်း ..
KAMU SEDANG MEMBACA
PLAYING WITH DOLL [ Complete ]
Fiksi PenggemarPromote dialogue - "ကိုယ့်ကြွေရုပ်ကအမြဲ ကိုယ်တစ်ယောက်တည်းကိုပဲ သဘောကျပြီး နေသွားရမှာ .. ဒါသည်ကိုယ်လိုလားတဲ့အရာမို့ ငြင်းဆန်လို့မရဘူး .. ဘာလို့လဲ?သိလား..မင်းကိုချစ်မိနေတဲ့သူက မင်းရဲ့မွေးစား အဖေမို့လို့ပဲ .." Readers x Park Jimin [ nomal ] Warning...