|•𝙿𝙻𝙰𝚈𝙸𝙽𝙶 𝚆𝙸𝚃𝙷 𝙳𝙾𝙻𝙻 •| 𝙴𝚙 28

1.4K 68 4
                                    


ဧည့်ခန်းတွင် ဓါတ်ပုံတွေချိတ်ဆွဲထားထားကို ယောင်းအာသည် ပြုံးပြုံးလေးကြည့်နေမိသည် ..

ဘယ်အချိန်ကောက်ရိုက်ထားမှန်းမသိသော " သဘော်ပေါ်မှ ဒယ်ဒီ ယောင်းကို လက်စွပ်‌ဝတ်ပေးနေသော အခိုက်အတန့်လေးကို ..

နောက်ပြီး သဘော်အပေါ်ဆုံးထပ်ရဲ့ ဝရန်တာမှာ နှစ်ယောက်အတူ ရပ်ရင်း ပင်လယ်ကြီးကို ငေးနေကြတဲ့ ပုံတွေကော ။

‌ယောင်းတစ်ယောက်ထဲ ပုံတွေပါ ဓါတ်ပုံတွေကို ဘောင်လေးတွေ ခတ်ရင်း သေချာလုပ်ထားသည် ..

အစက အိမ်ထဲလူတွေအများကြီး ဝင်လာပြီး နံရံမှာ ကပ်နေကြတာကို အရင်လို ပရိဘောဂတွေ ထပ်ဖြည့်နေတာလို့ ပဲ ထင်ထားခဲ့မိတာ ..

အခု ယောင်းသည်နောက်တစ်ခေါက် အောက်ထပ်ကို ပြန်ဆင်းလာလေတော့ ဒီပုံတွေကို တွေ့လိုက်ရခြင်း ..

မပြောမဆိုနဲ့ စီစဉ်သွားသော လူကြီးကို အလုပ်ကပြန်လာရင်း တစ်ဝကြီး နမ်းရှုံးပြစ်လိုက်အုံးမည် ။ ဟု ယောင်းတွေးလိုက်သည်

မကြာပါ ကားသံကြားသည်နှင့် ယောင်းသည် အသာလေး ဧည့်ခန်းတွင် အိပ်ချင်ယောင်ဆောင်နေလိုက်သည် ..

" ယောင်း ~ ကလေး ဒယ်ဒီ ရောက်ပြီ  "

အိမ်ထဲမဝင်ခင်ပင် ကြားနေရသော ဒယ်ဒီ့အသံကြောင့် ယောင်းတစ်ယောက် အိပ်ချင်ယောင်ဆောင်ရင်းကြားက ပြုံးလိုက်သည် ..

ဂျီမင်း အိမ်ပြန်ရောက်တော ဧည့်ခန်းထဲ အိပ်ပျော်နေတဲ့ ယောင်းကို တွေ့လိုက်ရသည်မို့ ဖိုင်နဲ့ လပ်တော့ကိုချကာ ချက်ချင်းအနားကိုသွားလိုက်ပြီး ..

" ကလေး ညနေပိုင်းကြီးအိပ်နေတယ် နေမကောင်းဘူးလား "

နဖူးလေးပေါ် လက်အသာတင်ရင်း စမ်းလိုက်မိသော်လည်း ကိုယ်အပူချိန်ကတော့ သိသိသာသာ မပူနေ ။

ထိုအချိန် သူ နက်ကတိုင်ကိုလှမ်းဆွဲကာ နှုတ်ခမ်းတို့ကို နမ်းလာတဲ့ ကလေးငယ် ..

နှုတ်ခမ်းပါးလေးက နမ်း‌ရင်း ပြုံးသွားသည်မို့ ဂျီမင်းသည်လည်း တမင်‌အိပ်ချင်ယောင်‌ဆောင်နေခဲ့သော ကလေးကို ခေါင်းလေးကိုထိန်းကိုင်ရင်း အနမ်းတို့ကို တစ်ဖန်ဦးဆောင်ပြစ်လိုက်သည် ..

PLAYING WITH DOLL [ Complete ]Onde histórias criam vida. Descubra agora