" တီတီ လို့မခေါ်ရဘူးလို့ မားပြောထားတယ်လေ .. သားသားက မားမားကိုစိတ်မကောင်းဖြစ်စေချင်လို့လား "ယောင်းအာ တစ်ယောက် ဂျီဂျီလေးကိုမျက်နှာငယ်ဖြင့် ခါတိုင်းလိုပင်ဓာတ်ပြားဟောင်းကြီးကို ဖွင့်ချပြန်လေသည် ..
ယခုဆို ဂျီဂျီလေးကို မွေးစားလာတာပင် ၁ နှစ်နီးပါးရောက်လုလု ။
ဂျီဂျီလေးဟာလည်း အမြဲလိုလို သူ့မားမားကို သိရက်သားနဲ့ တမင်ချွဲကာ ခေါ်သည် ..
မားမားသူ့ကို စကားတွေအများကြီးပြောပြတဲ့အချိန်ဆို ဂျီဂျီသဘောတကျလေးပြုံးကား ငေးလို့ရသည် ..
မားမားက သိပ်ချစ်ဖို့ကောင်းသည်မို့ ဂျီဂျီလေးဟာ သူ့မားမားရဲ့ ချစ်စဖွယ်မျက်နှာလေးရအောင် အမျိုးမျိုးကြံစည်လေ့ရှိသည် ..
ဒယ်ဒီပြန်လာရင်တော့ မားမားရဲ့ချစ်စဖွယ်မျက်နှာလေးကို ပိုလိုတောင် မြင်ရမည်ဖြစ်သည် ..
" ခိးခီးး "
ကိုယ့်အတွေးလေးဖြင့်ကိုယ် လက်သည်းလေးကို တတိတိလှုပ်ရှားရင်း တစ်ခစ်ခစ်ရယ်မိတော့ ..
မားမားက မျက်စောင်းထိုးလာသည် ..
" တစ်လျှောက်လုံးပြောနေတာကို စိတ်တွေက ဘယ်ရောက်နေတာပါသလဲ ပတ်ခ်ဂျီဂျီ ရှီ .. "
" ဟီး မားမား သား ကယေ .. Da ddy ! "
သားသားက ယောင်းအာနောက်ကို လက်ဆန့်တန်းကာပြေးသွားလေတော့ ယောင်းထိုင်ရက်သားလေး နောက်ကိုလှည့်ကြည့်မိသည် ..
လက်လေးနှစ်ဖက်ကို ဘေးဆန့်ကာ ပြေးသွားပုံကိုကြည့်ပြီး အသံထွက်သည်အထိကို ရယ်လိုက်မိသည် ..
သူ့ ဒယ်ဒီ့ကိုကျ Da ddy ဟု ပီပီသသခေါ်သည် ။
ယောင်းကိုဆိုလျှင် တီတီ .. မာ မား ။ တစ်ခါများဆို ..
မမ .. တဲ့ပြေးရိုက်ချင်စရာ ..
" *Haha .. ဒယ်ဒီ့ အမောပြေလေးတွေ လာပါအုံး "
သားကိုကောက်ချီလိုက်တဲ့ ဒယ်ဒီ့ကိုကြည့်ပြီး ယောင်းကမတ်တပ်လေးရပ်လိုက်ကာ နှစ်ယောက်သားဆီသွားလိုက်ပြီး ..
ဒယ်ဒီ့လက်ထဲက လက်ဆွဲအိတ်ကိုယူဖို့လုပ်တော့ အိတ်ကိုမပေးသေးပဲ ပါးကိုထိုးပြလာတဲ့ လူကြီးကြောင့် .. ။
YOU ARE READING
PLAYING WITH DOLL [ Complete ]
FanfictionPromote dialogue - "ကိုယ့်ကြွေရုပ်ကအမြဲ ကိုယ်တစ်ယောက်တည်းကိုပဲ သဘောကျပြီး နေသွားရမှာ .. ဒါသည်ကိုယ်လိုလားတဲ့အရာမို့ ငြင်းဆန်လို့မရဘူး .. ဘာလို့လဲ?သိလား..မင်းကိုချစ်မိနေတဲ့သူက မင်းရဲ့မွေးစား အဖေမို့လို့ပဲ .." Readers x Park Jimin [ nomal ] Warning...