ယောင်းအာတစ်ယောက် ရေခဲမုန့်စားရင်းက မနက်က သတင်းထဲက အကြောင်းကို ပြန်တွေးနေသည်က ဘယ်နှကြိမ်မြောက်မှန်းမသိ ..Marry ? Marry သူ ဘာလို့ ပြန်လာတာ .. အကြောင်းအရင်းရှိလို့လား
ဒယ်ဒီ့ကိုကော အဆတ်အသွယ်လုပ်အုံးမာလား ..
ဇွန်းကို ကိုက်ဆွဲထားသည်မာ အတော်ကြာပြီဖြစ်လို့ ကော်ဇွန်းလေးမှာ ကြေမွနေပြီဖြစ်သည် ..
ထိုသည်ကို အနားက Jimin မြင်တော့ ...
' ယောင်း ပါးစပ်ကိုရှမယ်လေ .. '
သူပြောတာကို အရေးမစိုက်အား ဘာတွေတွေးနေလဲ မသိ ပါးစပ်မှာလဲ ပေတူးလို့ ..
ပါးစပ်ကပေနေတဲ့ ရေခဲမုန့်တွေကို အနားတိုးကာ လျှာနဲ့လျက်ပြစ်လိုက်တော့ သူ့ကို ဘုကြည့်ကြည့်လာသည် ..
' ဒယ်ဒီက အသားယူလွန်းတာ '
' ဟုတ်တယ် ဘာဖြစ်လဲ အဲ့တော့ ဟမ် ? '
ဒါတောင် နှုတ်ခမ်းကို တစ်ချက်စုပ်နမ်းပြစ်ရင်း ပြောလာသည် ..
ဟွန့် .. လူဆိုးကြီး
' ဒယ်ဒီ ..မေးစရာရှိတယ် '
' အင်း~ ပြွတ်စ် '
' မမ Marry ပြန်လာပြီတဲ့ ဟုတ်လား .. '
ဒယ်ဒီ့ နှုတ်ခမ်းတွေ ယောင်း ပါးပြင်ပေါ် ထပ်မရောက်ခင်မာ ရပ်တန့်သွားတာ ယောင်းသိသည် ..
မျက်ဝန်းတို့ကလဲ တစ်ခုခုကို တွေးကြည့်နေသည်ဆိုတာလဲ ရိပ်မိသည် ..
တကယ်ပဲ ဒယ်ဒီက သူမကို စိတ်မကုန်သေးဘူးလား ..
သူမအကြောင်းပြောလိုက်ရင် အမူအရာတို့က လွမ်းဆွတ်သလိုမျိုး ယောင်း ခံစားနေရသည် ..
' မနက်က ရုံးခန်းကိုလာတယ် '
ဒယ်ဒီပြောလိုက်တဲ့စကားကြောင့် ယောင်း အံဩစွာကြည့်မိတယ်
' ဒယ်ဒီနဲ့ ပြန်တွဲဖို့ပြောတယ် .. ဒါပေမယ့် ငြင်းခဲ့တယ် ကိုယ့်မှာ ဒီလောက်ထိ ချစ်ဖို့ကောင်းလွန်းတဲ့ မိန်းမလေး ရှိနေပြီမို့ '
သူများက မျက်ရည်တို့တောင် ဝဲချင်သလိုဖြစ်နေတာကို သူက နောက်ဆုံးမာ ပြုံးစိစိနဲ့ ယောင်း လည်တိုင်ကို တိုးဝင်ရင်း ပြောလာသည် ..
BẠN ĐANG ĐỌC
PLAYING WITH DOLL [ Complete ]
FanfictionPromote dialogue - "ကိုယ့်ကြွေရုပ်ကအမြဲ ကိုယ်တစ်ယောက်တည်းကိုပဲ သဘောကျပြီး နေသွားရမှာ .. ဒါသည်ကိုယ်လိုလားတဲ့အရာမို့ ငြင်းဆန်လို့မရဘူး .. ဘာလို့လဲ?သိလား..မင်းကိုချစ်မိနေတဲ့သူက မင်းရဲ့မွေးစား အဖေမို့လို့ပဲ .." Readers x Park Jimin [ nomal ] Warning...