ယောင်းအာသည် ကောင်းကင်ကြီးကိုမော့ကြည့်ရင်း ထပ်မံပြုံးလိုက်မိပြန်သည် ..ဒီနေ့တစ်နေ့လုံး ဘယ်နှခါပြုံးနေမိလဲဆိုတာ မရေတွက်နိုင်တော့နိုင်တဲ့အထိ သူမပျော်နေမိပါသည် ..
သူမလိုက်ပါလာသော ဇိမ်ခံသဘော်ကြီးက အရှိန်လျော့ကာ ငြိမ့်ငြိမ့်ကလေး မောင်းနှင်လာသည် ..
ပင်လယ်ပြင်တစ်ခုလုံးလည်း နေရဲ့အကူအညီမရှိတော့ ပြာလဲ့လဲ့သာ မြင်ရတော့သည် ..
ယောင်းအာက သဘော်ကြီးရဲ့ အောက်ဆုံးအထပ်က ဝရန်တာမှာထိုင်နေတာ နာရီဝက်လောက်ရှိပြီ ..
ဒီနေရာကနေ ကြည့်ရင် ပင်လယ်ရဲ့ အငွေ့အသက်ကိုပို ခံစားလို့ရသည်လို့ပြောတာကြောင့် လာကြည့်နေတာပင် ..
ဒယ်ဒီ ။ သူမဒယ်ဒီကတော့ အပေါ်မှာတစ်ယောက်ထဲ ဘာတွေအလုပ်ရှုပ်နေတယ်မသိပါ ..
ဂျိမ်းး *
သဘော်ကြီးတစ်ခုလုံး မှောင်မည်းသွားသည်မို့ ယောင်းအာ ထိုင်ရင်း ကျောလေးတောင့်သွားရသည် ..
အတွေးထဲလည်း အောက်ဆုံးထက်မှာ သူတစ်ယောက်တည်းလေ
ထိုနေရာကနေ အမြန်ထလိုက်ကာ ရပ်လိုက်စဉ် ..
ဖျက်ခနဲအသံနဲ့အတူ သဘော်တစ်ခုလုံး လိမ္မော်ရောင် မီးလုံးတွေက နေရာပြန်ဝင်ယူလာသည် ..
ယောင်းအာသည် ဆွံအစွာမော့ကြည့်နေစဉ်မှာပင် သူ့ကိုယ်လေးကို ဆွဲသွင်းလိုက်လေတဲ့ ရင်ခွင်ကြီးကြောင့် " အမလေး " ..
သူမအာမေဍိတ်သံလေးကို ဒယ်ဒီက ခပ်ဟဟရယ်ဟန်ပြုသည် ..
အခုမှပဲစိတ်သက်သာရကာ ခါးတွင်ဆွဲဖတ်ထားသော ဒယ်ဒီ့လက်မောင်းလေးကို ခပ်တင်းတင်းပြန်ကိုင်လိုက်သည် ..
" ဒယ်ဒီ မီးတွေက စောသေးတယ်မဟုတ်လား ဘာလို့လဲ "
ယောင်းက သဘော်ပေါ်က မီးတွေကို လက်ညိုးထိုးရင်းပြောတော့
" ဒယ်ဒီ့နားမှာမနေဘဲ ယောင်းက ဘယ်တွေလျှောက်သွားနေလဲ သိရအောင် ထွန်းခိုင်းလိုက်တာ "
ပြောရင်းပင် သိမ်းကြုံးဖတ်ပြစ်သော ကိုယ်ကြီးကြောင့် ကိုယ်ငယ်လေးက ဆုံးဆုံးမြုပ်လျှက်ပါ ..
ESTÁS LEYENDO
PLAYING WITH DOLL [ Complete ]
FanficPromote dialogue - "ကိုယ့်ကြွေရုပ်ကအမြဲ ကိုယ်တစ်ယောက်တည်းကိုပဲ သဘောကျပြီး နေသွားရမှာ .. ဒါသည်ကိုယ်လိုလားတဲ့အရာမို့ ငြင်းဆန်လို့မရဘူး .. ဘာလို့လဲ?သိလား..မင်းကိုချစ်မိနေတဲ့သူက မင်းရဲ့မွေးစား အဖေမို့လို့ပဲ .." Readers x Park Jimin [ nomal ] Warning...