EP(13)

1.5K 118 0
                                    

Unicode

မင်္ဂလာပွဲနေ့ 💚💜

Make up အခန်းထဲတွင်တော့

"အို ငါ့သားလေးတောင် အရွယ်ရောက်လာပြီပဲ အဖေ့တို့သားလေးက အမျိုးကောင်းသားလေးနဲ့ အိမ်ထောင်ပြု တော့မယ်ဆိုတော့ ဖေဖေတို့ စိတ်မပူရတော့ဘူး သားကုကီရေ ကိုကို့ကို သေချာစောင့်ရှောက် ဘယ်လောက်ပဲအခက်အခဲရှိနေပါစေ သားရဲ့ကိုကိုနဲ့တိုင်ပင် အကူအညီလိုအပ်တာဆို အဖေ့တို့ကိုချက်ချင်းပြော အိမ်ကိုလွမ်းရင်လည်းအချိန်မရွေးပြန်လာ အဖေတို့ကအမြဲကြိုဆိုပြီးသား
ပြီးတော့ ဖေဖေမှာချင်တာက သားတို့ဖြစ်တည်မှုကို အလေးထား တစ်ခြားသူတွေစကားကို စိတ်ထဲမထားနဲ့ သားတို့စိတ်ထဲရှိသမျှသာအကုန်လုပ် သားတို့မှာကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ် ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး သားတို့ဘက်ကမှန်ရင် ဖေဖေ သားကို ချစ်တယ်နော် ဖေ့ဖေ့သားလေးဆရာဝန်‌ေလးကို "

"အဟင့် သားကို ငိုအောင်ဖေဖေတို့ကလုပ်နေတာ ဖေဖေတို့ပြောသလို သားလုပ်မှာပါ သားလွမ်းရင်လည်းအိမ်ပြန်လာမှာ ပြီးတော့ ဖေ့ဖေ့ကိုလည်းသားချစ်တယ် "

"ဒါဆို မေ့မေ့ ကိုရော မချစ်ဘူးလား ကုကီက"

"အဟင့် မေမေ့ကိုလည်းသားချစ်တယ် အဟင့် အီး"

"အမလေး အငိုသန်လေးတိတ်တော့ မငိုနဲ့တော့တော်ကြာ မလှပဲနေတော့မယ် "

"အမ် တစ်ကယ်လား ဖေဖေ သားမချောဘူးလား ရုပ်ဆိုးသွားပြီလား အဲ့လိုဖြစ်လို့မရဘူး မာမီရေ မာမီရေ သားမိတ်ကပ် လေးကို တစ်ချက်လောက်ကြည့်ပေးပါဦး မချော မလှတော့ဘူးလား"

"အို ချောလည်းချော လှလည်းလှပါတယ် သားရယ် မာမီ အကောင်းဆုံးပြင်ပေးထားပါတယ် သားမေမေတို့က စနေတာကို "

"ဟုတ်လား မေမေ သားက တစ်ကယ်မှတ်လို့ မေမေတို့မကောင်းဘူး ဗျာ စိတ်ကောက်တယ် "

"အမလေးကိုတော်ချောစိတ်မကောက်နေနဲ့တော့ ခဏနေပွဲစတော့မှာ"

တစ်ဖက်အခန်းတွင်လည်း

"သား Vantae ကုကီလေးကို သေချာစောင့် ရှောက် Daddyကတော့သားကို ဘာမှမမှာတော့ဘူး Daddyသားက အကုန်လုံးကိုနားလည်မယ်ထင်လို့ တစ်ခုပဲပြောချင်တာက ကိုယ်ရဲ့ဖြစ်တည်မှုကိုအလေးထားပါ သားကြိုက်တာသားမှန်ရင်လုပ် Daddyက အမြဲတမ်း သားဖက်ကနေမှာ
Daddy ခလေးလေးကို ချစ်တယ် နော်"

SWITCH  (Completed)Where stories live. Discover now