Unicode
"ဟာခလေး ခလေး ကူညီကြပါအုန်း ခလေးရေ"
"Boss boss စိတ်အေးအေးထား ကျွန်တော်တို့ဆေးရုံသွားကြမယ် စိတ်အေးအေးထားပါ Boss"
"Austin ယုန်လုံးလေးကို ကယ်ပါဦး မြန်မြန် မြန်မြန်ကယ်ပေးလို့ ငါ့ခလေးလေးကို "
Austin bossနဲ့ အစ်ကိုေလးကို ဆေးရုံသို့အမြန်ပို့ပေးမိ၏ bossရဲ့ဒီပုံစံကိုပထမဆုံးမြင်ဖူးတာပဲ တစ်ခါမှမျက်ရည်မကျဖူးတဲ့ bossက အခုတော့ခလေးလေးတစ်ယောက်လိုငိုကာ အစ်ကိုလေးကိုကယ်ပေးဖို့တောင်းဆိုနေတာလေ Austin ဝမ်းနည်းသလိုဝမ်းသာလည်းဖြစ်မိ၏ Boss က အစ်ကိုလေးကို သိပ်ချစ်တာပဲ
ဆေးရုံတွင်တော့
"ဆရာ ကျွန်တော့်ခလေးကိုကယ်ပါဦး ကျွန်တော်ဘယ်လောက်ကုန်ကုန်ပါဗျာ ခလေးလေးကိုကယ်ပါဦး"
"Mr ခဏလေး ခဏလေး စိတ်အေးအေးထားပါကျွန်တော်လူနာကိုစမ်းသပ်ကြည့်ပါမယ် ခဏလေးပဲစိတ်အေးအေးထားပေး"
"ဟူးးး ကျွန်တော်ပြောရမှာ "
"ဘာလဲ ခလေးလေးဘာဖြစ်လို့လဲ တစ်ခုခုဖြစ်သွားရင် ခင်ဗျားတို့ဆေးရုံ တစ်ခုလုံးကိုမီးရှို့ပစ်မှာ ဘာကြောင်ကြည့်နေတာလဲ ဘာကိုသက်ပျင်းချနေတာလဲ"
"ကဲကျွန်တော်ပြောတာကြ ခင်ဗျားနားမထောင်ပဲ လူနာက ဘာမှမဖြစ်ဘူး သတိခဏလစ်သွားတာ ခေါင်းကနည်းနည်းေလးပဲဒဏ်ရာရသွားတာေဆးထည့်လိုက်ရင်ရပြီ အဲ့တော့စိတ်အေးအေးထားပါ့ဗျ"
"အဲ့တာကို အစောကြီးတည်းကပြောပါ့လားဗျာ ကျွန်တော့်မှာရင်တွေပူသွားတာပဲ ဟားဟ"
ဟုဆိုကာရှက်ရမ်းရမ်းသွားပါသောထယ်ယောင်းပါလေ
"အို သားkim သားကုကီးေလးဘာဖြစ်သွားသေးလဲ ပြီးတော့သားလက်မှာလည်းသွေးတွေနဲ့ကွယ်မေမေတို့ကိုပြောပါဦး"
"စိတ်အေးအေးထားပါမေမေ ယုန်လုံးလေးဘာမှမဖြစ်ေတာ့ပါဘူး သတိလစ်သွားတာပါ သူမနက်လောက်ဆိုပြန်ကောင်းပါပြီမေမေ"
"အိုတော်သေးတာပေါ့ကွယ် သားလက်လည်းဆေးသွားထည့် အုံးမေမေတို့ဒီမှာစောင့်နေလိုက်မယ်"
YOU ARE READING
SWITCH (Completed)
Fanfictionကိုကိုက သားအပိုင် သားက ကိုကို ကို လက်ထပ်ပြီး ရင် အဟွန်း.. ကိုကိုကလည်း ဂျောင်ဂျောင်ကူး အပိုင်..... လို့ပြောမယ်ထင်နေတာလား ငါလူးမလေး ငါက လေဒီလေးတွေနဲ့ပဲ အဟွန်း....