EP (18)

1K 69 0
                                    

Unicode

ငိုလိုက်လို့ပင်ပန်းကာကားထဲတွင်အိပ်ပျော်သွားတဲ့ ဂျောင်ကုကို ခါးပတ်သေချာပတ်ပေးကာ ထယ်ယောင်းငေးကြည့်မိနေ၏

(ယုန်လုံးလေးငိုရင် ကိုကိုရင်တွေနာရတယ် ဒါပေမဲ့ခလေးလေးငိုချင်တဲ့အခါ ကို့ကို့ရင်ခွင်ထဲမှာငိုပါ  ဟက် ခ‌လေးလေးပင်ပန်းသွားလို့အိပ်နေလိုက်တာ အိမ်မှာ သူဝမ်းမနည်းအောင် မုန့်လေးတွေလုပ်ကြွေးရမယ် ပြီးတော့ ယုန်လုံးရဲ့မိဘတွေအိမ်ခေါ်သွားပေးရမယ်)

ထို့နောက်အိမ်သို့သာပြန်လာခဲ့ကြသည်

" ယုန်လုံးလေးရေ ထထ ကိုကိုတို့အိမ်ရောက်ပြီ ထတော့ "

"အွန့် ရောက်တောင်ရောက်ပြီလား သားအိပ်ပျော်သွားတယ် ဟီး"

"အွန်း ထထ  ကိုကို ယုန်လုံးလေးကြိုက်တဲ့  banana milkshakeလုပ်ပေးမယ်  ပြီးတော့မနက်ဖြန်မနက် အမေတို့အိမ်မှာမနက်စာသွားစားဖို့ကိုကို အမေတို့ကို ဖုန်းဆက်လိုက်မယ် မနက်စာစားပြီးဂေဟာသွားကြမယ် "

"ဟုတ် ကိုကို ကျေးဇူးပါကိုကို သားအနားမှာအမြဲရှိနေပေးလို့  ချစ်တယ်ကိုကို"

"ရပါတယ်ကွာ "

"ကဲ ရေချိုး ယုန်လုံး ကိုကို ညစာချက်လိုက်မယ် ရေချိုးပြီးရင် ကိုကိုတို့ ထမင်းစားကြမယ် ဟုတ်ပြီလား သွားသွား ကိုကို့ခလေးလေး"

"ဟုတ်ကဲ့ ကိုကို"

ထယ်ယောင်းဟင်းချက်နေတုန်းအနောင်လာဖက်တဲ့လက်တစ်စုံ

" အို မြန်တာ ရေချိုးပြီးသွားတာလား ယုန်လုံးလေး".

"ဟုတ်ကိုကို သားချိုးပြီးသွားပြီ သားကိုကို့ကိုဘာကူညီပေးရမလဲ  "

"ရပါတယ်ကွာ ကိုကိုအဲ့လောက်တော့ချက်တတ်ပါတယ်ကွ"

ထယ်ယောင်းဟင်းချက်နေတဲ့တစ်လျှောက်လုံးထယ်‌ေယာင်းပခံုး‌ေပါ်‌ေမးတင် ခါးကိုလည်းလက်ဖြင့်ဖက်ကာ ထယ်ယောင်းသွားတဲ့ နေရာကို အထိုပုံစံဖြင့်တောက်လျှောက်လိုက်နေ၏

(အွန်း ဒီခလေးတော်တော်လေးဝမ်းနည်းနေတာပဲ အရင်ကထက်လူကို ပိုကပ်နေပါရောလား)

SWITCH  (Completed)Where stories live. Discover now