🌀Chapter (14)🌀

238 24 9
                                    

*Zawgyi*

"ကျွန်မရဲ့သားလေးကို ဦးချစ်ခိုင်လက်ထဲမှာပဲ စိတ်ချထားချင်ပါတယ်ရှင်"

မိုးအေးအေးထဲ ရေပုံးထဲကရေတွေကို တစ်ခွက်ပြီးတစ်ခွက် တဝုန်းဝုန်းနဲ့ခပ်ချိုးနေစဉ် အောက်ထပ်ဧည့်ခန်းကနေ အပေါ်ထပ်ရေချိုးခန်းရှိရာဆီ တစ်စွန်းတစ်စလွင့်ပျံလာသည့် အမေ့အသံကိုကြားလိုက်ရလေ၏။

ဘာများဖြစ်လို့ပါလိမ့်။အိမ်ကို အဘိုးကြီးရောက်လာပြန်ပြီလား။ဘာကိစ္စတွေရှိလို့ ဘာတွေကိုစိတ်ချနေရတာလဲ။ဒိုဒို တစ်ချက်တွေးလိုက်မိ၏။

ကိုယ်ပေါ်က ဆပ်ပြာတွေကို ပြောင်စင်အောင်ဆေးကြောပြီးသကာလ ရေချိုးခန်းထဲကနေ တဘက်တစ်ထည်ပတ်ကာ ကမန်းကတန်းထွက်လာခဲ့တော့သည်။အဝတ်အစားကိုလည်း ခပ်သုတ်သုတ်လေးလဲဝတ်လိုက်ရင်း အောက်ထပ်ဆင်းလာတော့ ထင်သည့်အတိုင်း ဦးချစ်ခိုင်နဲ့အမေ စကားကောင်းနေသည်ကို တွေ့လိုက်ရ၏။

"အာ..ဒိုဒိုလေး။လာလေ..လာထိုင်။ဒေါ်ဒေါ်နဲ့အရေးကြီးကိစ္စဆွေးနွေးစရာရှိလို့ ဦးလာခဲ့တာ"

"ဘာအရေးကြီးကိစ္စလဲ"
ဒိုဒိုလေးက မျက်မှောင်တစ်ချက်ကုတ်လိုက်ရင်း မကြည်ကြည့်တွေနဲ့ ပြန်မေးလာတော့ ဦးချစ်ခိုင်က တစ်ချက်ပြုံး၏။

"ဒိုဒို့ကို လာတောင်းတာလေ"

"ဗျာ"

ဒိုဒို့ရင်ထဲ ဒိန်းခနဲပင်။ထင်သည့်အတိုင်းဖြစ်နေပါရော့လား။ဟိုတစ်နေ့က အဘိုးကြီးက စသည့်နောက်သည့်သဘော ပြောသွားသည်ဟုပဲ ထင်ခဲ့မိတာ။အခုကျ တကယ်ကြီးကို အမေ့ဆီမှာ လာတောင်းတော့တာပါလား။

"ခင်ဗျားကို ဘယ်သူက လာတောင်းခိုင်းလို့လဲ"

"ဘယ်သူ့မှလာမတောင်းခိုင်းပါဘူး။ဦးသဘောနဲ့ဦးပါ။ဒေါ်ဒေါ်ကလည်း လာတောင်းတာကို လက်ခံတယ်တဲ့"

ဧည့်ခန်းစားပွဲပေါ်တင်ထားသည်ကတော့ ငှက်ပျောပွဲနှင့်ကန်တော့ပွဲတစ်ခု။သုံးယောက်လုံးက သင်ဖြူးဖျာပေါ်မှာ ထိုင်နေကြတာဖြစ်ပြီး ကန်တော့ပွဲက ခပ်လှမ်းလှမ်းအရပ်မှာ ရှိနေတာဖြစ်သည်။ဦးချစ်ခိုင်..ဦးချစ်ခိုင်။ဒီလူ တယ်မလွယ်လှပါလား။

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Where stories live. Discover now