🌀Chapter (1)🌀

1.4K 79 13
                                    

*Zawgyi*

ရွှေသာယာမြို့မဈေး။

ရာသီဥတုအခြေအနေကား မနက်လင်းရောင်နီပျို့စကတည်းက အုံ့အုံ့မှိုင်းမှိုင်း။မိုးရာသီဖြစ်သည်နှင့်အညီ မြေသားလမ်းများပေါ်၌ ဗွက်အိုင်များ၊ရွှံ့အိုင်များ ဖြစ်ကျန်လို့နေလေသည်။အမြဲတစေ အုံ့မှိုင်းစိုထိုင်းနေသောရာသီပေမို့ မြို့မဈေးထဲကဈေးသည်တို့ စိုစိုစွတ်စွတ်နှင့် အထူးတလည်စိတ်ညစ်ရသော နေ့ရက်များပါပေ။

"မုန်တိုင်းအခြေအနေအရ မြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်းဒေသများအပါအဝင် အခြားမြို့ကြီးများဆီသို့ပါ မိုးထစ်ချုန်းရွာသွန်းပြီး တစ်နာရီမိုင်၄၀လေတိုက်နှုန်းနှင့် အဖျားခတ်တိုက်ခတ်မည်ဟု မိုးလေဝသဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းသိရှိရပါသည်"

မိုးလေဝသသတင်းအစီအစဉ်တင်ဆက်သူ အသံချိုချိုနှင့်မိန်းမပျိုတစ်ဦးအသံသည် ရေဒီယိုမှတစ်ဆင့် ပျံ့လွင့်လာလေသည်။

မြန်မာမုန့်တွေရောင်းသောဆိုင်ခန်းလေးထဲမှဆိုင်ရှင်ကောင်လေးသည် မိုးလေဝသသတင်းကို နားစွင့်ရင်း၊စားပွဲလေးပေါ် အစီအရီချထားသော ဒန်အိုးတွေ၊မုန့်ဗန်းတွေကိုလည်း ငေးကြည့်ရင်း သက်ပြင်းတချချ။

"ဟူး..ဒီနေ့ရော ဈေးရောင်းကောင်းနိုင်ပါ့မလား"

သူ့အသက်အရွယ်လေးနဲ့မှမလိုက် အိုစာနေသောမျက်နှာငယ်လေးနှင့် အသံတိုးတိုးညည်းတွားလိုက်လေသည်။

ဂျိန်း။

သူ့ညည်းတွားသံအဆုံး ကျယ်လောင်လှစွာသော မိုးခြိမ်းသံနှင့်အတူ တဖျတ်ဖျတ်လျှပ်စီးလျှပ်ရောင်များဟာလည်း တပြိုင်နက်။ထို့အတူ ဈေး၏လမ်းလယ်ကြားတွင်တည်ရှိသော ပလက်စတစ်ရေသရောက်မှ ရေများဟာ တောက်လျှောက်ယိုစီးကျနေလို့။ဆိုင်ကိုယ်စီမှ မိုးရေခံထားကြသော ရေပုံးလေးများဟာလည်း မိုးရေများနှင့် အပြည့်အလျှံ။

လွမ်းစကြာ ဟုအမည်ရသောကောင်လေးခမျာ ပို၍တောင်စိတ်ညစ်သွားရှာလေသည်။စိတ်ထဲ၌လည်း သူ ဒီဘဝကိုခုန်ဆင်းလာမိတာ မှားများမှားသွားသလားဟု တွေးနေမိလျက်။ဟူး။သက်ပြင်းချမိတာလည်း အခါခါပါပေ။ဒီမုန့်ဗန်းတွေအကုန်လုံးကုန်သွားအောင် ဘယ်လိုဆက်ရောင်းရပါ့။ဈေးဝယ်​တွေလာ​နေကျ ဈေးလမ်းကြားလေးကို လှမ်းတမျှော်မျှော်နှင့်။

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}حيث تعيش القصص. اكتشف الآن