🌀Chapter (7)🌀

300 26 18
                                    

*Zawgyi*

ညနေခင်းရာသီဥတုအခြေအနေသည် မှိုင်းညို့ညို့။တိမ်ညိုတိမ်လိပ်များက ကောင်းကင်ထက်တွင်စုဝေးနေကာ မြေပြင်ပေါ်သို့ ရေစက်များရွာချဖို့ စိုင်းပြင်နေလေသည်။ညနေ၄နာရီကျော်ပြီမို့ ဦးချစ်ခိုင်တစ်ယောက် အိမ်ပြန်ကာရေမိုးချိုးအဝတ်အစားလဲပြီး တာဝန်အရ တစ်နေရာဆီသို့ ခြေဦးတည်ရတော့သည်။

ရွှေသာယာ(၅)ရပ်ကွက်လေးတွင် နာမည်ကြီးဆေးဆိုင်ရှိ၏။ထိုဆေးဆိုင်တွင် တရုတ်ဆေးဆရာကြီးတစ်ယောက်လည်း အရိုးအဆစ်ဝေဒနာများကို ဒိုင်ခံကုသလေသည်။မနက်ခင်းနှင့်ညနေခင်းဘက်တွေဆိုလျှင် ထိုတရုတ်ကြီးထံမှာ အရိုးအကြောလာရောက်ကုသကြသူတွေဟာ တိုးမပေါက်ချေ။ပြသဖို့တောင် ရက်ချိန်းBookingယူရသည်အထိ ပြည့်နှက်တတ်သောဆေးဆိုင်ဖြစ်၏။

ထိုဆေးဆိုင်ဆီမှ အသုံးဝင်လောက်မည့်ဆေးတွေကို တောင်းရမ်းဝယ်ယူလာခဲ့ပြီးနောက် (၃)ရပ်ကွက်ဆီသို့ ဦးတည်ပါတော့သည်။

လူပျိုကြီး ဦးချစ်ခိုင်၏ လမ်းတစ်လျှောက်အတွေးတွေက ဒိုဒိုလေးဆီတွင်။သူ ဒိုဒို့ကိုချစ်နေမိပြီလား။ဒိုဒို့ရဲ့အကြည့်တွေ၊ အဘိုးကြီး အဘိုးကြီးနဲ့ခေါ်ခေါ်ပြီး ပြောတတ်တဲ့ ဒိုဒို့ရဲ့အပြောတွေ၊သူ စလိုက်တိုင်း ဒိုဒိုစိတ်တိုသွားဟန်တွေ။အဲ့အပြုအမူတွေထဲမှာ သူ့နှလုံးသားနစ်ဝင်သွားခဲ့ပြီလား။နစ်ဝင်တာတောင် အပြည့်အဝနစ်ဝင်နေခဲ့ပြီလား။

သူသိတာကတော့ ဒိုဒို့အကြောင်းတွေးမိလျှင် သူမသိလိုက်ပါပဲနဲ့ ပြုံးရွှင်နေတတ်သည်။အချိန်တိုင်းလိုလို ဒိုဒို့အကြောင်းကိုသာ ခေါင်းထဲရောက်နေတတ်၏။

ဒါတွေဟာ အချစ်ဆိုလျှင် သေချာပြီ။သူ ဒီကလေးကိုချစ်နေမိပြီ။

လမ်းတစ်လျှောက်တည်ရှိနေသော ပျဉ်ထောင်အိမ်တွေကိုငေးကြည့်လာရင်း ဒေါ်ဒေါ်ကျော့၏အိမ် မကျော်သွားအောင်ဂရုစိုက်ကာလိုက်ရှာရသေးသည်။အိမ်အမှတ်တစ်ခုရှေ့ရောက်တော့ ခြေစုံရပ်လိုက်၏။

ကိုယ်ပိုင်ပန်းဥယျာဉ်လေးဝန်းခြံရံထားသည့် အမည်းရောင်နှစ်ထပ်ပျဉ်ထောင်အိမ်လေးတစ်လုံး။ဒိုဒိုတို့အိမ်က ဒီအိမ်ပဲဖြစ်ရလိမ့်မည်။ခြံတံခါးဒလက်ကို တဒေါင်ဒေါင်ခေါက်နေလိုက်တော့ အထဲမှ မြင်းခေါင်းစွပ်ကျယ်ဝတ်ထားသည့်ဖြူဖြူသန့်သန့်ဝဝလုံးလုံး ယောက်ျားကြီးတစ်ယောက်ထွက်လာလေသည်။ကြည့်ရတာ ဦးချစ်ခိုင်ထက်တော့ အသက်နည်းနည်းကြီးမည့်ပုံပင်။

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Donde viven las historias. Descúbrelo ahora