🌀Chapter (17)🌀⚠️🌀

441 25 18
                                    

*Zawgyi*

ရောင်ခြည်ဖြာနေသော မနက်ခင်းကို ရောက်လာသည်နှင့်တပြိုင်နက် ရွှေသာယာမြို့မဈေးလေးသည် ဈေးဝယ်သူအသီသီတို့နှင့် ဆိုင်တိုင်းလိုလို စည်ကားလျက်ရှိပေသည်။ဆိုင်ခန်းအတည်တကျရောင်းရသည့်ဈေးသည်တွေ၊ ပျံကျလာရောင်းသည့်ဈေးသည်တို့၏ဈေးအော်ရောင်းသံတွေ၊ဈေးဝယ်သူတို့၏ ဈေးဆစ်သံများဟာ ပတ်ဝန်းကျင်အနှံ့တွင် ပျံ့နှံ့လျက်။

အသား၊ငါး စသည့်ကုန်စိုတွေရောင်းသည့်ဈေးတန်းဘက်က ဈေးဝယ်သူတွေနှင့် စိုစိုပြည်ပြည်ဖြစ်နေသလောက် ကုန်ခြောက်တွေအရောင်းများသည့် ဦးချစ်ခိုင်တို့ဆိုင်တန်းတွေဘက်မှာတော့ ဈေးဝယ်သူ ကျိုးတိုးကျဲတဲလောက်သာ ရှိချေသည်။

ချစ်စတိုးဆိုင်ထဲတွင် ထိုင်ကာ မေးထောက်လို့ မနေ့ကအကြောင်း ပြန်လည်စမြုတ်ပြန်ရင်း ထိုင်တွေးနေသည့် ဦးလေးကြီးတစ်ယောက်က ယခင်နေ့များကနှင့် သူမတူစွာ တိတ်ဆိတ်နေလို့။

မနေ့က သူတို့၏မင်္ဂလာနေ့လေးဟာ တကယ့်ကိုကြည်နူးပျော်ရွှင်ဖွယ်ရာ ဖြစ်ခဲ့ရသည်။ကိုယ်ချစ်ရသောသူနှင့် အိမ်ထောင်သည်ဘဝကို စတင်ဖြတ်သန်းရတော့မည်ဆိုသည့်အတွေးက ဦးချစ်ခိုင်ကို အလွန်အမင်း အူမြူးစေ၏။အူမမြူးခဲ့ရတာတော့ တစ်ခုတည်းပင်။

မနေ့က မင်္ဂလာဦးညတုန်းက ဒိုဒိုက တစ်နေ့လုံးပင်ပန်းနေသည်ဟုဆိုကာ လက်ဖွဲ့အချို့ဖောက်ရင်းပင် အိပ်ရာဝင်သွားခဲ့လေသည်။ဦးချစ်ခိုင် မျှော်လင့်နေခဲ့ရသော ညလေးဟာ အကောင်အထည်မဖော်ဖြစ်လိုက်ခဲ့။ဒိုဒိုက ကိုယ့်ထက်အများကြီး အသက်ငယ်တာမို့ အကြီးဖြစ်သည့် ကိုယ်ကသာ အရာရာအလျှော့ပေးရမှာမို့ ဘာမှမလွန်ဆန်ဘဲ အလိုလိုက်လိုက်ခြင်းသာ။

ဒိုဒိုလေးက မိမိကိုဆိုလျှင် အမြဲတစေ သူတစ်ပါးထက် ခြေတစ်လှမ်းနောက်ကျကာ တုန့်ပြန်တတ်စမြဲ။ချစ်အဖြေတောင်းတုန်းကလည်း ချစ်သူရည်းစား ဖြစ်ပြီးကာမှ ချစ်တယ်ဆိုတဲ့စကားကို စပြောခဲ့တာ။အခုလည်း မင်္ဂလာဦးညမှာ တစ်ညနောက်ကျခဲ့ရပြန်ပြီမို့ ဒီနေ့ညတော့ ထပ်နောက်ကျလို့မဖြစ်တော့ချေ။ဒီနေ့ည ရအောင် အကောင်အထည်ဖော်ရမည်သာ။

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Where stories live. Discover now