*Zawgyi*
အားလုံး မင်္ဂလာပါ။ လေလျင်မျောတဲ့ ချစ်စကြာလေးကို အဆုံးထိ လိုက်ပါစီးမျောပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အကွာက ကျေးဇူးအများကြီးတင်ပါတယ်လို့။ဈေးဗန်းအားမကောင်း၊လူသိပ်မသိခဲ့တဲ့ ဒီFictionလေးက တရွေ့ရွေ့နဲ့ ၂လခွဲကျော်အကြာမှာ အပိုင်း၂၅ပိုင်းနဲ့ ပြီးမြောက်ခဲ့ပါပြီ။ရုတ်ချည်းပြီးလိုက်ရတာမဟုတ်ကြောင်း ဝန်ခံပါရစေ။Plotက ဒီလောက်ပဲရှိတာမို့ပါ။ကိုယ်တိုင်က Dramaမဟုတ်တဲ့ Romance Comedyလေးကို စမ်းကြည့်ထားတာမို့ မပိုင်မနိုင်နဲ့ အပိုင်းနည်းသွားတယ်လို့လည်း သုံးသပ်မိပါတယ်။ဒီ Genreကိုပိုင်တဲ့ စာရေးသူတွေဆိုရင်တော့ ဆွဲဆောင်မှုအားကောင်းကောင်းနဲ့ အပိုင်းအများကြီး ထွက်လာတန်ကောင်းပါရဲ့။
ဒီဇာတ်လေးက ကျွန်တော် အရမ်းရေးချင်ခဲ့တဲ့ ဈေးဇာတ်လေးပါ။အစက ဈေးနဲ့ရပ်ကွက်ရဲ့သဘောသဘာဝလေးတွေကို ပုံဖော်ဖတ်ရှုလို့ရအောင် အသေးစိတ်ရေးမယ်စိတ်ကူးထားသော်ငြား ကိုယ်တိုင်က ထိုအရာတွေနဲ့ အနည်းငယ်မျှအလှမ်းဝေးနေရတာမို့ ကိုယ်ပိုင် ရွှေသာယာဆိုတဲ့ မြို့လေးတစ်ခုကို ဖန်တီးပြီး နယ်မကျ မြို့မကျလေး ဖန်တီးဖြစ်ခဲ့ပါတယ်။ဈေးအပိုင်းကို Highlightလုပ်ချင်ခဲ့ပေမယ့် ဦးနဲ့ကလေးရဲ့အချစ်ကိုပဲ ပိုပြီးHighlightဖြစ်သွားခဲ့တာ ရေးရင်းနဲ့သွေဖယ်သွားခဲ့တာတွေပါ။
စဉ်းစားကြည့်တယ်။သမရိုးကျSeme Ukeပုံတွေနဲ့ ကွဲထွက်တဲ့ပုံမျိုးလေးကို စာဖတ်ပရိသတ်တွေ လက်ခံပုံဖော်နိုင်ပါ့မလားလို့လေ။အများစုအရေးများကြတဲ့ Perfect Body Styleတွေကနေ ကွဲထွက်ခဲ့ပြီး Semeဆိုလည်း အသားညိုညို၊ထိပ်ပြောင်ပြောင် သဘာဝဆန်ထားသလို Ukeကိုဆိုရင်လည်း ဝဖိုင့်ဖိုင့်လေးပေါ့။တချို့တွေအတွက် ဖတ်ရတာ ဖီးလ်အောက်စရာဖြစ်နိုင်မလားမပြောတတ်ပေမယ့် ကျွန်တော့်အဖို့ ဒီလို သဘာဝဇာတ်လေးဖန်တီးဖြစ်ခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် ကျေနပ်ရပါတယ်။ဖတ်ရှုသူအဖို့လည်း အနည်းငယ်မျှ အပန်းပြေခဲ့ပါလျှင် ကျွန်တော် ပင်ပန်းရကျိုးနပ်ခဲ့ပါတယ်။
အချပ်ပို ရှိနိုင်မလား ကျွန်တော် ကတိမပေးရဲပါဘူး။အခုက စာအုပ်စာမူအတွက် လုံးပန်းနေရင်း ဒီFicကိုရေးဖြစ်သွားတာမို့ အချိန်မပေးနိုင်တဲ့အပေါ်ကို လွန်စွာအားနာမိတဲ့အတွက် ဘာကိုမှ တပ်အပ်မပြောရဲသေးပါဘူး။အကယ်လို့ နောက်Ficတွေများ စိတ်ကူးရလို့ ထပ်ရေးဖြစ်ခဲ့လျှင် ဒီလူနည်းစုလေးကို ဆက်လက်ဖိတ်ခေါ်ပါရစေ။
YOU ARE READING
လေလျင်မျောတဲ့ ချစ်စကြာ{Completed}
Romance🌀Cover By Aqua🌀-Fancy romance×Comedy Theme- 🌀လေလျင်မှာမျောတတ်တဲ့ ရောင်စုံစကြာလေးတွေက ဦးတို့နှစ်ယောက်ကြား အချစ်သင်္ကေတတစ်ခုအဖြစ် မယ်မယ်ရရ မှတ်ယူလို့ရသွားတာပေါ့။ 🌀 Started➡️3.4.2022 Completed➡️24.6.2022 🌀လေလျင်မှာမျောတတ်တဲ့ ရောင်စုံစ...