🌀Chapter (21)🌀

238 14 0
                                    

*Zawgyi*

ခေါင်းစီးအနီရောင်ပါ ကြေးမုံသတင်းစာ၏ နောက်ဆုံးစာရွက်တွင် ထည့်ထားသော ကြော်ငြာတစ်ခုကို စိုက်ဖတ်နေရင်း ဦးချစ်ခိုင်မျက်နှာပေါ်က မျက်ခုံးများ အလိုလိုတွန့်ကွေးကုန်တော့သည်။ထိုအချိန်မှာပင် အသည်းအသက်ကလေးက အနားရောက်လာသောအခါတွင်မူ ဦးချစ်ခိုင်မှာ ဖတ်နေသောသတင်းစာကို ဖတ်ခနဲ ပြန်ပိတ်ကာ စားပွဲပေါ်ပြန်ချထားလိုက်တော့သည်။

"ဘာတွေ အာရုံစိုက်ပြီးဖတ်နေတာလဲ ဦး"

ဦးချစ်ခိုင်၏စိတ်ထဲတွင် ထိုသတင်းအား ဒိုဒို့ကို ပြောပြရနိုးနိုး ဝေခွဲဆုံးဖြတ်ရခက်နေလေသည်။

"ဟို..သတင်းတစ်ခု တွေ့လိုက်မိလို့ပါ"

"ဘာသတင်းလဲ"

"ဒိုဒို့ရဲ့မိထွေး ကလေးမွေးလို့တဲ့"

"ဗျာ"

ဒိုဒို ဗျာခနဲ အာမေဋိတ်ပြုလိုက်ရင်း စားပွဲပေါ်က သတင်းစာကို ပြန်ဆွဲယူကာ နောက်ဆုံးစာမျက်နှာကို လှန်ပစ်လိုက်သည်။တကယ်တမ်းလည်း အံ့သြဖွယ်ကောင်းလှသော ကြေငြာချက်တစ်ခုကို တွေ့လိုက်ရတာပင်။

"ဂုဏ်ယူဝမ်းမြောက်ကြောင်း" ဆိုသည့် ကြေငြာချက်ခေါင်းစီးနှင့်အတူ အောက်ကစာသားများကိုပါ ဆက်လက်ဖတ်ကြည့်ရာ ဦးသိန်းလှိုင်နှင့်ဒေါ်ပန်းရနံ့ဝေတို့ တစ်ဦးတည်းသောသားရင်သွေးလေးအား အောင်မြင်စွာ ဖွားမြင်ခဲ့ကြောင်း သိရှိလိုက်ရ၏။တစ်ဆက်တည်းမှာပင် ခေါင်းထဲတွေးလိုက်မိသည်က အမွေကိစ္စ။

ဘေးက ယောက်ျားဖြစ်သူကလည်း ထိုကိစ္စအားတွေးမိ၍သာ အခုလိုမျက်စိပျက်မျက်နှာပျက်ဖြစ်နေခြင်းပင်။

"သြော်..လက်စသတ်တော့..."

ဒိုဒို ထိုမျှသာ အာမေဋိတ်ရေရွတ်နိုင်ရင်း သတင်းစာအား ပြန်ချလိုက်၏။လက်စသတ်တော့ ဖေဖေက သူ့အမွေတွေကို ဒိုဒို့အား မရစေချင်လို့။အဲ့မိထွေးမရဲ့သားကိုသာ ပေးဖို့ အစောကြီးကတည်းက အကြံနှင့် အကွက်ချခဲ့သည်ပဲ။ဒါကြောင့်လည်း ဒိုဒို့ကို မင်္ဂလာကိစ္စနှင့် မရှိရှိသည့်အကြောင်းပြချက်တွေရှာရင်း အမွေပြတ်စွန့်လွှတ်ခဲ့သည်ကိုး။

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Donde viven las historias. Descúbrelo ahora