Part 1 (Both Unicode & Zawgyi)

3.1K 42 0
                                    

Unicode

စက်တင်ဘာ လလယ်ရောက်လာသည်နှင့်အတူ မိုးမှာ မစဲဘဲရွာသွန်းလျက်ရှိသည်။နေ့လယ် ပိုင်းရောက်လာသည့်တိုင် မိုးမှာ တိတ်မည့်ဟန်မပေါ် ။ မေပန်းချီခြယ် ဟု အမည်တွင်သော အသက် ၂၂ ကျော် မိန်းကလေးသည် အိပ်ယာထဲမှာစောင်ခြုံလျက် ပင် မိုးရာသီ၏ အေးမြမှုကို အံတုလျက်ရှိသည် ။ စင်စစ်အားဖြင့် မြန်မာနိုင်ငံ၏မိုးရာသီသည် ဆောင်းကဲ့သို့အေးသည်မဟုတ်။ အထူးသဖြင့် ရန်ကုန်မြို့တွင် မိုးရာသီ အအေးဒဏ် ဆိုသည်မှာ စာဖွဲ့စရာပင်မရှိသော်လည်း  ခြယ် သည် မိုးရာသီ ကိုမုန်းလှသူဖြစ်သောကြောင့် သူမအတွက် မိုးရာသီ၏ အေးမြစိုထိုင်းခြင်းမှာ ရန်သူသကဲ့သို့ပင်။

"ဟယ်လို"

ဖုန်းမြည်သံပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ခြယ်၏ စူးရှသော အသံလေးမှာလည်း ပေါ်ထွက်လာသည်။

" အင်း ဟုတ်တယ် သဲ အိပ်နေတုန်း"

"၁၂ ထိုးပြီလား ဪ အိမ်ကိုလာမယ်
မဖြစ်လောက်ဘူး မာမီရှိတယ် "

"အင်း အင်း ဘိုင့် bae"

ခြယ် သည်  speaker ဖွင့်ပြောတတ်သူမဟုတ်သောကြောင့် တစ်ဖက်မှ အသံကိုမကြားရသော်လည်း Bae ဟုသည်နှင့်တစ်ပြိုင်နက် တစ်ဖက်က ပြောနေသူမှာ ခြယ်၏ ငယ်ရည်းစား  ဖြစ်ကြောင်း ခြယ့်
မာမီ ဒေါ်မဟာမွန် သိလိုက်ပါ၏။

ခြယ်ကတော့ မာမီ့ကိုမမြင်ပါ
တံခါးကို အသံမထွက်  အောင် ဖွင့်ပြီး တိတ်တိတ်လေးနောက်ကရပ်နေတာကိုး

ခြယ်နဲ့ ထိုကောင်လေး၏ဇာတ်လမ်းသည် ခြယ် high school တက်ရာက စခဲ့ရာ တကျက်ကျက် ရန်ဖြစ်ကြသော်လည်း အချိန်တန်ရင် ပြန်ခေါ်ကြပြီး ဇာတ်လမ်းကို ဆက်ထားကြသည်။ နောင်ရဲ ခေါ် ထိုကောင်လေးကို မဟာ မွန်တို့က တော့ သဘောမကြပါချေ။ ဒါပေသိ အိမ်ကသမီးနဲ့က သူငယ်ချင်းလိုရော ချစ်သူလိုပါ ဖြစ်နေကြတော့ ခွဲရတာလည်းခက် ။
အိမ်က ဟာကိုလည်း ပြောလို့ကမနိုင်။
သူကကို ပတ်သပ်ချင်နေတာ ဆိုတော့ ခက်သား။

မိုးရေစက် များ အငွေ့ပျံချိန်Where stories live. Discover now