Part 19 Unicode

582 24 0
                                    

အစ်ကို က သွားချင်တဲ့နေရာ လိုက်ပို့မည်ဆို၍ ရှေ့မျက်နှာ နောက်ထားပြီး Hubby လို့ခေါ်ပေးလိုက်ရတာသာ အဖက်တင်သည်။ အလုပ်ကြိုးစားလွန်းပါသော တရားမျှတလွန်းပါသော ခွင့်မယူချင်ပါသော
ဦးထက်ကောင်းကင်ကတော့ မနေ့က ခြယ့်ကို Condo လိုက်ပို့ပြီးတည်းက ရုံးပြန်သွားတာ ဒီနေ့မနက်စောထိပင် ပြန်မလာပါ။ ခရီးလိုက်ပို့ဖို့မပြောနဲ့ ညတောင် ပြန်မအိပ်အား သော သူ့အား ခြယ်လည်း ခေါ်မနေတော့ပါ။ တွေ့ကြသေးတာပေါ့။ ခရီးထွက်တာ ရှင်ပါမှ သွားလို့ရတာမှ မဟုတ်ဘဲ။ ခြယ်လည်း မနက် ၇ နာရီတည်းက ခရီးသွားရန် ပြင်ဆင်နေသည်။ အစကတော့ မန္တလေးကို. လာပြီး အစ်ကိုနဲ့အတူ မန္တေလး သီတင်းကျွတ်ကို ဖြတ်သန်းမယ် စိတ်ကူးထားပေမယ့် အခုတော့ ကိုယ့်အားကိုယ်ကိုး ပြီးတစ် ယောက်တည်းသွားရန် ခရီးသွား ၀န်ဆောင်မှုဆီဖုန်းခေါ်လိုက်သည်။

ညနေ ၄ နာရီ မှ ကားထွက်မည် မလို့ ခြယ်လည်း ဒီတစ်နေ့ခင်းလုံးအားနေရာ အစ်ကို့ Condo အခန်းတစ်ပတ်လိုက်ကြည့်မိရင်း ဟိုးအရင်က နောင့် condo ကိုလိုက်သွားခဲ့မိတဲ့အကြောင်းကို ပြန်စဥ်းစားလိုက်မိသေးသည်။ အချစ်ဦး အချစ်ဆုံး နောင့်ကို ခြယ်မေ့နိုင်ပြီလား မသေချာသည့်တိုင် မတွေးမိအောင်တော့ ခြယ်ကြိုးစားနေပါပြီ။ အခုဆို May Pachi Chel နာမည်နဲ့ Goldern MD အဖြစ် Social Media Accounts တွေပြောင်းလိုက်ပြီး အလုပ်ကိစ္စသာ အဓိက ထား တင်တော့သည်မလို့ အရင် account က သူငယ်ချင်းတွေလည်း အဆက်အသွယ်မရှိလှပါ။ နောင့် အကြောင်းကို ပြောပြပေးနိုင်မယ့်သူတွေအားလုံးနဲ့ ဝေးရာကို ရောက်လာပြီ မလို့ ခြယ့်ဖက်ကလည်း နောင့်သတင်းတွေကို မစုံစမ်းတော့ပါ။ အိမ်ထောင်ရှိပြီးသား မိန်းမတစ်ယောက်အနေနဲ့ ခင်ပွန်းဖြစ်သူကို  မချစ်နိုင် ရင်တောင် ဒီလောက်တော့ သစ္စာရှိပေးသင့်တယ်မလား။ ခြယ်လည်း နောင့်အကြောင်းတွေးရင်း စိတ်ကအစ်ကို့ဆီ ပြန်ရောက်သွားသည်။ အစ်ကို့အခန်းသည် အဆင့်မြင့် Condo ဆိုသော်လည် လူမနေတာကြာ၍ပဲလား အစ်ကိုကပဲ သူ့အိပ်ခန်းကလွဲ၍ တခြား အခန်းတွေ ကိုမသုံးလို့ပဲလား မသိ။ ဖုန်အလိမ်းလိမ်းနဲ့ ဖြစ်နေသော စင်တွေ၊ မီးဖိုချောင်ကလည်း  ရေတောင်၀င်သောက်ရဲ့လားပင်မသိ။ ခြယ်လည်း မနေသာသည့်အဆုံး အိမ်ရှင်းရန် ပြင်လိုက်သည်။ condo တွေဆိုတော့  Room services ခေါ်လို့ရနိုင်ပေမယ့် ခြယ်လည်း ဘယ်လိုခေါ်ရမလဲ မသိလို့
ကိုယ့်ဘာသာသာ  ရှင်းလိုက်ရင်း အစ်ကို့ စာရေးစားပွဲပေါ်မှာ တင်ထားသော ဓါတ်ပုံလေးတွေကို တစ်ခုချင်းလိုက်ကြည့်နေသည်။ အစ်ကို့ မေမေ နဲ့ ဖေဖေရဲ့ဓါတ်ပုံ။ နောက်အစ်ကို နဲ့ သူငယ်ချင်းတွေ စုရိုက်ထားသော ဓါတ်ပုံဖြစ်မည်ထင်သည်။  ညက သေချာ မကြည့်မိဘဲ အစ်ကို့အိပ်ယာဘေးက ခုံတွင် တင်ထားသည့် ဓါတ်ပုံ Stand လေးကိုအခုမှ သေချာမြင်မိသည်မလို့ ဖုန်တွေခါရင်း ပြုံးလိုက်မိသေးသည်။ ဘယ်ဓါတ်ပုံဆရာမှ မခေါ်ဘဲ အကျဥ်းချုံး ကျင်းပခဲ့သော ခြယ်တို့ Wedding တွင် ဘယ်သူရိုက်ပေးထားမှန်းမသိသည့် ဓါတ်ပုံတစ်ခု။ ခြယ်က တရားသူကြီးရှေ့ လက်ထပ်စာချုပ်ပေါ်တွင် လက်မှတ်ထိုးနေစဥ်အစ်ကိုက ခြယ့်ကိုပြုံးကြည့်နေသည့် ထိုဓါတ်ပုံမှာရှုထောင့်ကောင်း၍ ပဲလား ။ အစ်ကို့ အပြုံးတွေက အသက်၀င်လိုက်တာ။ ခြယ်လည်း ဓါတ်ပုံကို အသာချရင်းသာ ရေချိုးခေါင်းလျှော်ရန် ပြင်ဆင်လိုက်၏၊
------------‐------------------

မိုးရေစက် များ အငွေ့ပျံချိန်Where stories live. Discover now