Part 20 Unicode

668 24 1
                                    

ခြယ်တို့ မန္တလေးကနေ ညနေ စောင်းထွက်လာသည်အပြင် လမ်းတွင် ကားပြောင်းစီးကြ သေးတာမလို့ ပင်းတယ Sunset Hotel ကိုညကသန်းခေါင်နီးပါးမှ ရောက်သည်။ အစ်ကိုကတော့ တစ်လမ်းလုံးကားမောင်းလာရသည့်အပြင် အရင်ညတွေကပါ မအိပ်ရသေးသူမလို့ ညရောက်တည်းက ၀င်အိပ်နေတာ ဒီမနက်ထိမထသေး။ ခြယ်လည်း အိပ်ပါစေ ဟုထားကာ နေထွက်လာသည့်တိုင်နှိုးမနေတော့။ ခြယ်တို့. ယခုတည်း သော အခန်းသည် ပုံမှန် လူအများ
နှင့် အတူ အခန်းတွေ တွဲထားသော Hotel မျိုးမဟုတ်ပဲ bungalow တွေသီးသန့် ဆောက်ထားသည့်ပုံစံမျိုးမလို့ တစ်သီးတစ်ခြားတည်းဖြစ်စွာ ဆိတ်ငြိမ်လှသည်။ ခြယ်တို့ အခန်းသည် တစ်ထပ် Bungalow လေးဖြစ်သော်ငြား အခန်းရှေ့တွင် ၀ရန်တာ လေးနှင့် တစ်ယောက်ထိုင် ကြိမ်ပုခက်လေးကို ထားပေးထားသောကြောင့် ခြယ်လည်း ထိုနေရာတွင်သာ နံနက်စာ စားရန်ပြင်လိုက်သည်။ အစားအစာတွေကပဲ နဂိုတည်းက အရသာ ကောင်းတာလား။ ခြယ်ကပဲ ဟိုတယ် ပိုင်ရှင်၏ ဇနီးမလို့ ရှယ်ချက်ပေးလိုက်တာလား မသိပေမယ့် အရသာကတော့ တကယ်ကောင်းပါသည်။ Sunset အောင်မြင်နေတာ ဒီလိုအချက်တွေကြောင့် ဖြစ်မှာပါပဲလေ။
ပင်းတယ မြို့ အောက်တိုဘာ လေအေးအေး ဆောင်းရာသီဥတုလေး၏ မနက်ခင်းနေရောင်ခြည်အောက်တွင် မနက်စာစားရသေး ထိုအချိန်ကို ခြယ်အလွန်သဘောကျစွာဖြင့် ဓါတ်ပုံရိုက်မည်ဟုစိတ်ကူးကာ အခန်းထဲသို့ ဖုန်းယူရန် ပြန်၀င်သွားလိုက်၏။ မနက်က ခြယ်အိပ်ယာထ ခဏသုံးပြီး ကုတင်ခေါင်းရင်းမှာပဲ ထားခဲ့တာ အစ်ကို့ခေါင်းအုန်း အောက်များ ရောက်သွားသလားပဲ။ ရှာမတွေ့သည့်အဆုံး ခြယ်လည်း အိပ်နေသော အစ်ကို့ခေါင်းကို အသာမကာ ဖုန်းကို ထုတ်မည်ဟုစိတ်ကူးရင်း အိပ်ယာ ပေါ်ကို တက် အစ်ကို့ဘေးကို ရွှေ့ထိုင်လိုက်သည်။ သေချာကြည့်မိမှ မျက်တွင်းတွေ ကျနေတဲ့အထိ အိပ်ရေးတွေပျက်နေတာပဲ။ နဂိုအဖြူခံမဟုတ်လို့ အဝေးကဆိုလျှင် အစ်ကို့ မျက်ကွင်းညိုတွေမှာ သိပ်မသိသာသော်လည်း တကယ် အနီးကပ်ကြည့်ပါက တော်တော် ပင် ပင်ပန်းနေပုံပေါက်နေသည်မလို့ အတင်းခရီးလိုက်ပို့ခိုင်းမိတာ မှားပြီလားလို့တောင် ခြယ်တွေးမိသွားသည်။ ခြယ် အစ်ကို့ကို ဘယ်​လောက်ကြာ​အောင် ထိုင်ကြည့်​နေမိမှန်း သတိမထားမိခင်မှာပင် အစ်ကိုအိပ်ယာက နိုးလာပါသည်။ ခြယ်လည်း သူများ အိပ်​နေတာ ခိုးကြည့်​နေသူမလို့ အစ်ကို မျက်လုံးလည်း ဖွင့် ​ရောသူခိုးလူမိ ဖြစ်​ချေပြီ။ခြယ် ထ သွားရန်ပြင်သော်လည်း အစ်ကိုက

မိုးရေစက် များ အငွေ့ပျံချိန်Where stories live. Discover now