Part 15 (Both Unicode & Zawgyi)

655 23 0
                                    

Unicode

Company board meeting ပြီးနောက်ရက်များတွင် အစ်ကို ရော ခြယ်ပါ အလုပ်မအားကြပါ။ ခြယ့်အတွက် အလုပ်က အစိမ်းသက်သက်မလို့ အရာရာက သင်ယူစရာတွေကြီးပင်။
အစ်ကို့အတွက်လည်း စက်တင်ဘာ လကုန်ခါနီးပြီမလို့ အောက်တိုဘာ ခရီးသွားရာသီအတွက် Sunset Tourism ရဲ့ project အသစ်များမှာ တန်းစီလျက်ရှိသည်။ Sunset အတွက်တစ်နှစ်တာလုံးတွင် အလုပ်အများဆုံးအချိန် ဖြစ် နေသည့်တိုင်အောင် အစ်ကို ကတော့ ခြယ့် company  ကိုလည်း အမြဲဂရုတစိုက်ရှိပါသည်။ မနက်ဆိုလျှင် ခြယ့်ကို ရုံးခန်းထဲထိသေချာလိုက်ပို့တာ တစ်ရက်တာ စီစဥ်ရမည်များကို သေချာ ပြောပြခဲ့သည်။ နေ့လယ် ဘက် အားရင်အားသလို ခြယ့်အလုပ်ဆီ လာတတ်ရုံသာမက တစ်ခါတစ်လေ ခြယ့်အားငယ် နေမှာစိုးလို့ဟုဆိုကာ သူ့အလုပ်တွေကိုပါ ခြယ့်ရုံးခန်းထဲယူလာပြီး ခြယ့်ကို အဖော်စောင့်ပေးလေ့ရှိပါသည်။  တစ်ပတ် ဟူသော အချိန်ကာလအတွင်းတွင် မိုးလင်းမှ မိုးချုပ် အလုပ်တွေအတူစီမံခန့်ခွဲကြရင်း ရင်းနှီးလာသည့် ဤကာလတွင် ခြယ်တောင် သူ့ကို "အစ်ကို" ဟုနာမ်စားပြောင်းခေါ်တတ်နေပါပြီ။

ခြယ့်ဘ၀တွင် တနင်္ဂနွေ ပိတ်ရက်ကို ယခုလောက် တစ်ခါမှ မ မျှော်လင့်ခဲ့ဖူးပါ။ ကျောင်းသူဘ၀ကပင် Weekend တွေဆို ကျူရှင်သွားရသည်မို့ ပိတ်ရက်ဆိုတာကို မခံစားတတ်သော ခြယ်သည် ယခုတစ်ခါတွင်တော့ company ပိတ်ရက် Sunday ကို တသသ မျှော်နေပါသည်။ Sunday ရောက်လာသော အခါ ဒေါ်ခြယ် တစ်ယောက် အိပ်ယာကပင်မထ။ စက်တင်ဘာမိုးကလည်း အုံ့ဆိုင်းစွာရွာနေသည့်အပြင် မုတ်သုံရာသီကုန်တော့မှာမလို့လား တော့မပြောတတ်။ မိုးကသည်းထန်လျက် အအေးဓါတ်ကိုပေးစွမ်းနေရာ ကောင်းကင်၏ ချစ်ရပါသော အမျိုးသမီးလေးသည် စောင်ကို ခြုံလျက် မနက် ၉ နာရီထိုးသည့်တိုင် အိပ်ယာထဲကွေးနေလေသည်။

တခြားမိန်းကလေးများ ယောက္ခမ အိမ်ရောက်လာလျှင် မီးဖိုချောင် ၀င်ရတာနဲ့၊ အိမ်ကိစ္စလုပ်ရတာနဲ့ ယောက္ခမ အမြင်ကြည်အောင် လုပ်ကြရသည် ဟု ကောင်းကင်ကြားဖူးသည်။ သူ့အိမ်မှာတော့ အဲ့လိုမဟုတ်။ ခြယ်က စောထလျှင်ပင် အမေက သူ့ချွေးမ အိပ်ရေး၀အောင် အိပ်ခိုင်းပါ။ ချက်ပြုတ်တာတွေကို အိမ်အကူ တွေလုပ်
လိမ့်မည် တဲ့။ ကောင်းကင်လည်း တစ်ခါတစ်လေ မိန်းမ လက်ရာလေးများစားရမလားလို့ ခြယ့်ကို မနက်စာ ပြင်ပေးပါလားဟု တောင်းဆိုဖူးပါသည်။ ကြားက အမေက သူ့ချွေးမကို ခေါ်ထုတ်သွားလို့ ကောင်းကင်မှာ ကိုယ့်ဘာသာ ပဲ ပြင်စားလိုက်ရတာ တစ်ခါ မကတော့။ သို့ပေသိ သူချစ်ရသော မိန်းကလေးကို အိမ်သားများကပါ ချစ်ပေးကြသော ကြောင့်လည်း မေမေနဲ့ လေးလေးကို ကျေးဇူးတင်မိပါသည်။ ကျန်းမာရေး ချူချာလှသော မေမေသည် ခြယ်အိမ်ကို ရောက်လာပြီးနောက်ပိုင်း ကောင်းကင်နှင့် ခြယ့်ကို တွဲမြင်ရတာ စိတ်ချမ်းသာပုံပေါ်သည်မလို့လည်း ကောင်းကင်၀မ်းသာရပါသည်။

မိုးရေစက် များ အငွေ့ပျံချိန်Место, где живут истории. Откройте их для себя