Part 27 Unicode

499 21 11
                                    

ခြယ်အောက်ထပ်ကို ဆင်းလာတော့ ကို့က ခြယ့်ကို ကြည့်နေပြန်သည်။ဒီတစ်ခါတော့ ခြေမျက်စိထိရှည်တဲ့ ဂါ၀န်လက်ရှည် ၀တ်လာတာကို ဘယ်နားက ဘာဖြစ်ပြန်ပြီလဲမသိ။

" ကို သွားမယ်လေ "

" ဘေဘီ ကိုယ်လေ အရေးကြီး ကိစ္စ တစ်ခုပေါ်လာလို့ ဒီနေ့ ဘေဘီနဲ့နေပေးလို့ မရတော့ဘူး ထင်တယ် "

"ဟင် ။ ဘာကိစ္စဖြစ်လို့လဲ "

" ကိုယ် အရေးတကြီး တွေ့ဖို့သူ ပေါ်လာလို့ပါ "

" ခြယ်တို့ anniversary ထက်တောင် အရေးကြီးတာလား "

" အဲ့တာကတော့ ချီရယ် ။ ကိုယ် .."

မေးခွန်းဆုံးသည်နှင့် ဘယ်လိုပြန်ဖြေရမည် မသိဖြစ်နေသော အစ်ကို့ပုံကြောင့် ခြယ် လည်း မေးမိတာ ကို အားနာသွားသည်။ အေးလေ ။ ခြယ်တို့ကသမီးရည်းစားလည်း မဟုတ်။ အကြင်လင်မယားတွေပဲ။ စိတ်ကူးယဥ်တတ်သော ဆယ်ကျော်သက်တွေမှ မဟုတ်တော့ပဲ။ လူလတ်ပိုင်းရောက်လာသော အစ်ကို ။ လုပ်ငန်းတွေကို ဦးဆောင်နေရ သော သူကို မိန်းမနဲ့ အလုပ် ကိုကြေးတန်းမနှိုင်းသင့်ဘူးမလား။

" အင်းပါ။ သွားလေ ကို။ ခြယ့်ကို စိတ်မပူပါနဲ့"
" ကိုယ်တောင်းပန်ပါတယ်နော်"

" ညကြရင်တော့ အစ်ကို dinner အမှီပြန်လာမှာမလား"

"အဲ့တာက ကိုယ်လည်း မပြောတတ်သေးဘူး ချီ။ ကိုယ် ပြန်မလာဖြစ်ရင် မစောင့်နဲ့နော်"

ခြယ်၀မ်းနည်းသွားသောလည်း အလုပ်ကိစ္စ သွားမည့်သူကို မတွေ ဝေရအောင် ပြုံးကာ နှုတ်ဆက်ရင်း အိမ်ထဲသို့သာ ပြန်၀င်လိုက်သည်။

ခြယ်အခန်းထဲရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် ခြယ့်ဖုန်းကိုလည်း ဖုန်းတွေ တဂွမ်ဂွမ် ဆက်ထားသူက ခြယ့်ချစ်သူငယ်ချင်း စန္ဒာ ။ နောင်နဲ့ ကွဲကြစဥ်က ခြယ့်ကို နောင့်အကြောင်း ပြောပြခဲ့သူ နိုင်ငံခြား ပညာတော်သင် သူငယ်ချင်းလေး။

"ဟယ်လို "
" မိခြယ်ရေ နင်လည်းခေါ်နေရတာ အကြိမ် တစ်သောင်းဖြစ်နေပြီ။ "
" ဆောရီးပါ ဟယ်။ ပြော။ နိုင်ငံခြားကနေ ထူးထူးဆန်းဆန်း ဖုန်းတွေဘာတွေ ဆက်လို့ "

မိုးရေစက် များ အငွေ့ပျံချိန်Where stories live. Discover now