Part 35 Zawgyi

274 5 0
                                    

" လေးလေး က ကလေး ရော ချီတတ်လို့လားဗျာ "
" ဟေ့ကောင် ကောင်းကင်။ မင်းမွေးတည်းက ငါထိန်းလာတာပါ။ ဆရာ မလုပ်ပါနဲ့ဟ"

"ပြီးရောဗျာ ။ လက်ဆေးခဲ့နော် လေးလေး "

"ဆေးပြီးသားပါ ဖခင်ကြီးရဲ့" 

ခြယ်သည်အိပ်ယာပေါ်တွင် လှဲနေရင်း အပြင်က တူဝရီး၏ ငြင်းခုံသံကို အတိုင်းသားကြားနေရသည်။ ပြောပုံရတော့ သားလေးကို ချီချင်နေသောလေးလေးကို သားချစ်အဖေကြီးက တားနေပုံပင်။ ခြယ်သည်သူတို့ဝင်လာလျှင် ပက်လက်ကြီးလှဲနေတာမျိုးဖြစ်မည်စိုး၍ ကုတင်ကို ကျောမီကာ ထထိုင်နေချိန် အစ်ကိုတို့က တံခါးဝကနေ ၀င်လာ၏။

" ဘာလို့ထထိုင်နေတာလဲ ချီ ။ လှဲနေပါဆို။ ချုပ်ရိုးတွေပြုတ်လိမ့်မယ်နော်"

"ခြယ်ထနိုင်ပါတယ် ကိုရယ်။ လေးလေး ရော သားလေးကို လာကြည့်တာလား ။ ခြယ်ကမျှော်နေတာရယ် "

ခြယ်ကလေးမီးဖွားတော့ ခြယ့်အိမ်က အန်တီလေးက မိန်းကလေးအဖော်အဖြစ်လာစောင့်ပေးကြသည်။ ခြယ်တို့ကိုယ်ဝန်သည် ၆ လအကြာလောက်မှာ ultra sound ရိုက်ကြည့်သော်လည်း ခြယ့်ကလေးရဲ့ အနေအထားကြောင့် ယောက်ကျားလေးလား မိန်းကလေးလား မသိရခဲ့။ အမြွှာမဟုတ်ဖူးဆိုတာသာ သိရဲ့ရပြီး ခြယ်က သားလေးဟုဆိုသော်လည်း အစ်ကို့ကသမီးလေးဟုဆို နေရာ တကယ်မွေးတော့မှ သားလေးမှန်းသိရသည်။ သမီးမွေယမယ်ထင်ထားသူကြီးက သားလေးရတော့လည်း ချစ်တာမှ ကဘေးနီတာရဲလေးကိုလက်ပေါ်ကပင်မချ။ ခြယ်က ခွဲမွေးပြီး သိပ်မထနိုင်တဲ့ ဆေးရုံပေါ်က ရက်များတွင် အစ်ကိုပဲ နို့ဘူးတိုက်၊ သေးဝတ်လဲ နောက်ဆုံး ခြယ်မျက်နှာသစ်တာအထိ အကုန်လုပ်ပေးပါသည်။ ဆေးရုံကဆင်း အိမ်ပြန်ရောက်တော့လည်း ခြယ်တို့ နေနေကြအခန်းမှာပင် ထမင်းစားဖို့ကအစ လာပို့ပေးတာမလို့ ခြယ်က ခြေတစ်ချောင်းပင်ကြွစရာမလိုခဲ့ပါ။

" ငါ့မြေးလေးက သမီးနဲ့တူတယ် ခြယ်။ မျက်နှာလေးက ပြည့်ပြည့်လေး။ ဆံပင်တွေကလည်း ယောက်ကျားလေးဆိုပေမယွ် နက်မှောင်နေတာ။ ဆံ ကောင်းတဲ့ သားလေးပဲ " လေးလေးလက်ထဲမှာ အသာငြိမ်နေသော သားကိုကြည့်ရင်း ခြယ်ပြုံးနေမိသည်။၏ ခြယ်နဲ့ပဲတူတူ အစ်ကိုနဲ့ပဲတူတူ ခြယ်တို့ရဲ့ ရင်သွေးပဲမလား။

မိုးရေစက် များ အငွေ့ပျံချိန်Where stories live. Discover now