Part 26 Unicode

448 19 1
                                    

"ကို"
"ဗျာ"
" ဒီနေ့ ခြယ့်ကို အလိုလိုက်ရမယ်နော်"
" ဟုတ်ကဲ့ပါ ခင်ဗျာ ။ ဘေဘီ လေးကို အလိုလိုက်ဖို့ ကျွန်တော် အလုပ်တောင် ခွင့်တင်ထားပါတယ်

" ဟယ် အဲ့လိုဆို ကို အလုပ်မသွားဘူးလား"
" မသွား ဘူးလေ ။ ANNIVERSARY ပဲဟာ ။ ကိုယ့် ဘေဘီလေးကို အချိန်ပေးရမှာပေါ့ ။ ဘေဘီကရော မသွားဘူးမလား "

" ခြယ်က ခွင့်မတင်ခဲ့ဘူးကိုရဲ့။ ပြီးတော့ကွာ ။ အလုပ်သမားတွေက ကြိုးစားနေကြချိန် အလုပ်ရှင်က anniversary ကြောင့် အလုပ်မလာဘူး ဆိုရင် ဘယ်တရားမျှတပါ့မလဲ နော့်"

တစ်ချိန်တစ်ခါက အစ်ကို့ ခြယ့်ကို ပြောခဲ့ဖူး သော စကားများကို ပြန်ပြောလိုက်သောအခါ အစ်ကို့မျက်နှာက ရှုံ့မဲ့မဲ့ မလို့ ခြယ်ကြည့်ပြီး ရယ်နေမိသည်။

"ရယ်နေ ပါ ခင်ဗျားလေး "
" ခွင့်ယူလိုက်ပါ့မယ်။  ကို့မျက်နှာကြီးကလည်း ဖြစ်ပျက်နေတာ ။  ကဲ ပြောတစ်နေကုန်အားတော့ ဘာလုပ်ကြမလဲ "

" ချစ်ကြမယ်လေ "
" ဦးထက်ကောင်းကင် "

နာမည်ကို ခေါ်လို့မှ မဆုံးခင် ခေါင်းအုန်းများဖြင့် ပစ်ပေါက်လာသူ သူမကြောင့်ကောင်းကင် လည်း ခေါင်းအုန်းကို လွတ်အောင် ရှောင်နေရသေးသည်။

" ဪ နောက်တာပါ ။ တစ်နေကုန်တော့ မချစ်ပါဘူး ။ ကို့ ဘေဘီလေး သနားပါတယ် ။ ညကြမှပေါ့နော် "

" ရှင် ပြောလေဆိုးလေပဲ။ ဘယ်လိုဖြစ်ပြီး မနက်စောစာစီးစီး "

ကောင်းကင်လည်း စနောက်တာတောင် ရှက်နေသူ သူမလေးကို ကြည့်ကာရယ်ရင်း

" ကိုက နောက်တာပါ ။ မနက်ပိုင်းကို အိမ်မှာပဲ အေးဆေးနေကြမယ်လေ ။ ကိုယ်က ဘေဘီ့ကို cake လုပ်ကျွေးမယ်။ စားမယ်မလား ။ ညကြရင် ကိုယ်က dinner လိုက်ကျွေးမယ် ။ ကိုယ်ရှယ်စီစဥ်ထားတာ နော် ။ အဲ့အစီအစဥ်ကြိုက်လား  "

" အင်း"

"ကဲ အဲ့လိုဆို ထ ရေချိုး ။ ခဏနေရင် စျေး၀ယ်သွားကြမယ်။ ရေ ရော ကိုယ်လိုက်ချိုးပေးရမလား"

" အား...ရှင် ဘယ်လိုဖြစ်နေလဲ ။ သွားတော့ သွား။ချိုးပြီးရင် အောက်ထပ်ကို လာခဲ့မယ် ဆင်း သွားတော့ "

မိုးရေစက် များ အငွေ့ပျံချိန်Where stories live. Discover now