Part 16 Unicode

634 28 0
                                    

"ဒုန်း ခြိမ်း " မိုးကြိုးပစ်သံ အကျယ်ကြီးကြားလိုက်ရသောအခါ ခြယ့်ကိုယ်လေးပင် တုန်သွားရ အောင် လန့်သွားမိပါသည်။

"ကြားလား ချီ ။ မိုးနတ်မင်းကြီးကတောင်
ကိုယ့်ဆုတောင်းကို ကြားလိုက်လို့ ပြည့်စေလို့ ပြန်ပြောနေတာ။ သေချာတယ် သားလေးမွေးမှာ"

ခြယ်လည်း အစ်ကို့ တစ်ယောက်ကို မနိုင်ပါ။ တစ်ခုခု ဆို နောက်မယ် ပြောင်မယ် ကြီးပဲ။ အခုလည်း မိုးကြိုးပစ် နေချိန်ကွင်းထဲမှာ ထီးထီးကြီးရပ်နေရတာကို စိုးရိမ်မည် မရှိဘဲ မိုးနတ်မင်းကြီး က ပြန်ပြောတာတောင် လုပ်လိုက်သေးသည်။ သူက နောက်နိုင်လည်း ခြယ်ကတော့ ကြောက်တတ်သူမလို့ အိမ်ထဲ၀င်ရန်သာ ကြိုးပမ်းပါတော့မည်။

" ကိုထက်ကောင်းကင်။ နှစ်ခါမခေါ်ဘူးနော်။ အခုအိမ်ထဲ၀င်ခဲ့"

ခြယ် အစ်ကို့ကို ခေါ်ပြီးပြီ မလို့ တာ၀န်ကျေပါပြီ။ လာချင်လာ မလာချင်နေ ။ ကြည့်နေ မိုးမိအအေးပတ် ဖျားလို့ကတော့ ဆေးမတိုက်ဘဲနဲ့ကိုပစ်ထားမယ်။

ခြယ် အိမ်ထဲ၀င်လာတော့ လေးလေးကအပေါက်၀မှာ ရပ်ကြည့်နေသည်။ ခြယ့်အနောက်တွင် အစ်ကို တစ်ယောက် ခပ်ကုပ်ကုပ်လိုက်လာသည်ကိုမြင်သော
လေးလေးက

" ဟိတ်ကောင်။မင်းလည်းနော်။ မယားပြောတော့တစ်ည။ ဟား ဟား ကောင်းကင်တစ်ကောင် မယက ဖြစ်နေပြီပဲ"

" မဟုတ်ပါဘူး။ ကျွန်တော်က မယက ဖြစ်စရာလား"

"ဪ အေး ယုံချင်စရာကြီး မင်းကို ငါခုဏကခေါ်နေတုန်းကမကြားချင်ယောင်ဆောင်နေတာလေ။ အခု မိန်းမက အိမ်ထဲ၀င်ဆိုတော့ တစ်ခါတည်းနဲ့ အမြီးကုပ်"

" ကျွန်တော်က ချီ အအေးပတ်မှာစိုးလို့ အိမ်ထဲလိုက်ပို့တာ။ လေးလေးလို မိန်းမမရတဲ့လူအို တွေကပြောလည်း နားမလည်ပါဘူး"

"ခွေးကောင်က ။ ငါ့ပဲ စော်ကားနေ။
မင်း သွား သွားတော့။  ခြယ်တောင် အပေါ်တက်သွားပြီ အအေးပတ်နေမယ်" 

----------------------------------------------------

ခြယ်လည်း အစ်ကို့ကျေးဇူးကြောင့် မိုးရေချိုးလိုက်ရပြီးနောက် ခေါင်းတွေပါလျှော်လိုက်ရကာ အခု​တော့ ​ခေါင်းကို ​​ရေသုတ်​နေရင်းနဲ့ တန်ဖိုးရှိလှပါ​သော Sunday ကိုကုန်ဆုံးနေရပါသည်။ မူလကတော့ တစ်နေကုန် အိပ်မည် တွေးထားတာ ကို အခုတော့ ခေါင်းရေစိုနဲ့အိပ်လို့လည်း မရ။ မိုးရေအတင်းချိုးပေးသော ကိုယ်တော်ကတော့ အခုထိ ရေချိုးခန်းထဲကကို ထွက်မလာသေး။ ရေချိုးခန်းထဲ ဆပ်ပြာပူဖောင်းထိုင်မှုတ်နေတာလား မသိ။

မိုးရေစက် များ အငွေ့ပျံချိန်Where stories live. Discover now