Part 3 (Both Unicode & Zawgyi)

754 28 0
                                    

Unicode

Condo ကိုခြေချလိုက်သည်နှင့်တစ်ပြိုင်နက် အထပ်တိုင်းတွင် အခန်းများကပုံစံတူနေသောကြောင့် ခြယ့်မှ room 45 ကို ရှာတွေ့ရန်မလွယ်ပါချေ။ ကိုယ်တိုင်ကလည်း တစ်ခါမှ မရောက်ဖူးသည့်အပြင် မေးရန်လူကလည်းမရှိသောကြောင့် စမ်းတ၀ါး၀ါးဖြင့်သာ လာရသည်မဟုတ်လား။ သို့သော် နောက်ဆုံးတွင် နောင့်အခန်းကိုရှာတွေ့ခဲ့သည်။ room 45 ဆိုသော အက္ခရာလေးကိုအနက်ရောင် အောက်ခံပြားပေါ်တွင် ရွှေရောင်ကနုတ်များဖြင့်ရေးသားထားသည်။ လူခေါ် ဘဲလ် ရှိသော်လည်း ခြယ်ကတော့ ဘဲလ်ဖြင့်မခေါ်ချင်ပါ။ ဘဲလ်တီးလိုက်လျှင် ကိုရီးယား ဇာတ်လမ်းတွေထဲကလို နောင်က အထဲကနေများ ခြယ့်ကို မြင်လေမလားဟု စိတ်ကူးရင်ဆန်ဆန်တွေးနေမိရင်း တံခါးကိုသာ ခပ်ဆက်ဆက်လေး ပုပ်လိုက်သည်။ နောင့်ကို အရိပ်အယောင်ပင် မမြင်ရပါချေ။ ဘဲလ်ဆက်တီးသည်။ ထွက်မလာ။ အိမ်မှာ မရှိလို့များလား။ ခြယ့်မှာ condo အခန်းတွေဖြစ် သော ကြောင့်ဘေးလူတွေကို တံခါး ခေါက်မေးလို့လည်းမရသည်မို့ အိမ်ပြန်ရန်သာဆုံးဖြတ်လိုက်သည်။ ခြယ်ရောက်လာကြောင်း သိစေရန် ပိုက်ဆံအိတ်ထဲက  ပိုက်ဆံ ၁၅၀၀ ထုတ်ပြီး တံခါးအောက်မှာ အသာညှပ်ထားလိုက်ရင်း ခြယ်လာသွားတာ နောင်သိမည် ဟုယုံကြည်နေမိပါသည်။ ခြယ်တို့ နှစ်ဦး စတင်ချစ်ကြိုက်တုန်းက ခြယ်က နောင့်ကို ၁၀၀၀ တန်ရယ် ၅၀၀ တန်ရယ်ပေးပြီး အဖြေပေးခဲ့ဖူးသည်မလို့ ငွေ ၁၅၀၀ ဆိုတာ ခြယ်တို့ကြားက ဆက်သွယ်မှု၏ ပြယုတ်ပင်။

ခြယ် condo ကနေအိမ်ပြန် ရောက်တော့ နေ့လယ် ၂ နာရီထိုးတော့မည်။ မာမီလည်းအပြင်သွားသည်မလို့ ခြယ်တစ်ယောက်အေးအေးဆေးဆေးသာ အိပ်ယာထဲ၀င်အိပ်ရန်ကြံသော်လည်း လက်တွေ့တွင်တော့ အိပ်မပျော်ပါချေ။ anniversary နေ့တွင်တောင် ချစ်ရသူက စာမလာ သတင်းမကြားပျောက်နေသောအခါ ခြယ်၀မ်းနည်းနေတာဖြစ်သင့်တာပဲမလား။ ခြယ်ဟာ နောင်နဲ့ပတ်သပ်လာရင်ပျော့ညံ့သူပါ နောင်ရယ်။ ခြယ့်အပေါ်မှာ နောင့်ရဲ့သဘောထားက သူငယ်ချင်းသာသာအပြင်  မပိုတော့တာလား။

---------‐-----------------------------------------------

ဒေါ်မဟာမွန် ခြယ့်အခန်းထဲ၀င်လာတော့ ခြယ်အိပ်ပျော်နေသည်။ မွေးထားတဲ့အမေပဲ။ ငိုပြီးအိပ်ပျော်သွားတာသိတာပေါ့။ နောင်ရဲဆိုတဲ့ ကောင်လေးကြောင့်ဆိုတာလည်း သိတာပေါ့။ သမီးကခင်တွယ်လွန်းလို့ အသာကြည့်နေပေမယ့်​ ကောင်လေးဖက်က တဖြေးဖြေး ရောင့်တက်လာသည်ဟု မွန် ထင်ပါသည်။ အရင်ကမှ တစ်နှစ်တစ်ခါ မျက်နှာမြင်ရပေမယ့် အခုဆို မတွေ့ရတာ နှစ်ချီကြာနေပြီ။ သူ့သတင်းတွေကြားရတာလည်းတစ်ခုမှမကောင်း။ အိမ်ကသမီးကတော့ အစထဲက ခပ်အအ အပေါင်းအသင်းမရှိသူမလို့ ထိုသတင်းတွေကို သိမည်မထင်ပါ။ ကိုယ်ကတော့ မိဘဆိုတော့ အမြဲမပြတ်စုံစမ်းထားရသည်မလား။
အခုလိုပုံစံနဲ့ကြာကြာနေရင် သမီးကလည်း အမေ စိတ်ဆိုးမှာစိုးပြီးတစ်ယောက်တည်းခံစား၊ သူ့ကောင်လေး ပြသနာတွေကိုကျိတ်ဖြေရှင်းရင်း လုံးပါးပါးတော့မည်။ တစ်ဖက်ကလည်း ဆိုးမြဲဆိုးနေမည့်ပုံပင်။ ဒေါ်မဟာမွန် မတတ်နိုင်သည့်အဆုံး သက်ပြင်းကို ကျိတ်ချရင်း ခြယ့်အခန်းမှ အသာပြန်ထွက်ခဲ့သည်။

မိုးရေစက် များ အငွေ့ပျံချိန်Where stories live. Discover now