Part 6 (Both Unicode & Zawgyi)

669 23 0
                                    

Unicode

ခြယ်သည် နောင့်ဆီမှဖုန်း၀င်လာသောကြောင့် အိပ်ယာမှ နိုးသွားသည်။ condo မှပြန်လာတည်းက ငိုရင်းအိပ်​​ပျော်သွားရာ ဘယ်နှစ်နာရီထိုး​နေပြီလဲ ပင်မသိ။ ညနေတော့စောင်းပြီထင်သည်။ နေရောင်ပင်မရှိတော့ပါချေ။

"Hello"  ခြယ်နောင့်ဖုန်းကို ပြန်ဖြေ လိုက်သည်။

"အင်း  ခြယ့်ကိုယ့်ဆီ လာသွားသေးလား"

" လာသွားတယ်။ လူမရှိလို့ပြန်သွားတာ
နင့်အသံက ဘာဖြစ်နေတာလဲ နောင်"

"ငါညက နည်းနည်းများသွားလို့။အခုမှ အခန်းထဲကနေ ထွက်တာ။ တံခါးရှေ့မှာ ပိုက်ဆံ တွေ့လို့ နင့်ဆီ ဖုန်းဆက်လိုက်တာ"

ခြယ်သည် သူ့အဖြေနှင့် အကြောင်းပြချက်ကို ကြားပြီးလျှင် ဒေါသများကို ထိန်းမရတော့ချေ။ ကိုယ့်မှာတော့ မနက်ထဲက လမ်းထိပ်မှာ စောင့် ဆိုလို့စောင့်ရသည်။ စိတ်ပူလို့ အိမ်လိုက်လာတော့ လူမရှိဖြစ်နေတော့ ကိုယ့်မှာ အိမ်ပြန်လာတာတောင် စိတ်ပူပြီး ငိုနေရသည့်အချိန်သူကတော့ anniversary နေ့တွင်တောင် အရက် များသွားလို့ အိပ်နေသည်တဲ့လား။ ခြယ်သူ့ကို ဘာမှကိုမပြောချင်တော့ပါ။

"ခြယ် ငါ ပြောတာကြားလား"တစ်ဖက်မှ နောင်ရဲက လှမ်းခေါ်နေသည်။

"ကြားတယ်"

"ကြားရင်လည်း ပြန် ဖြေဦးလေ ဟ"

" ရည်းစားတစ်ယောက်လုံးကိုကြ လမ်းထိပ်ထွက်စောင့်ခိုင်းပြီး လာမခေါ်တဲ့အပြင် အိမ်မှာ အရက် နာကျနေသူကို ငါကဘာပြန်ဖြေရမှာလဲ"

"ဆောရီးခြယ်ရယ် ကိုယ်အိပ်ပျော်သွားလို့ပါကွာ ညကြ dinner သွားစားမယ် လေနော်"

" ငါ ကအခု ညစာစားလိုက်ရတာနဲ့ ဆောရီး လေးတစ်ခုနဲ့တင်ကျေနပ်ရမှာလား နောင် ဟင်??နင့်ကိုငါ အဲ့လိုတွေ club တွေမှာ အလွန်အကျွံတွေမလုပ်ဖို့ပြောတာ ဖန်တစ်ရာထပ်နေပြီ နင်သိလား။ မာမီတို့သိရင်လည်း ပြောနေလို့ဆုံးမှာ မဟုတ်ဘူး လို့"

ခြယ့်မှာ နောင် club တွင် ေသာက်တတ် မှောက်တတ်သောအကျင့်ကြောင့် မာမီတို့ သိသွားချိန်တွင် စိတ်ရှုပ်ရသည့်အကြိမ်ပေါင်းမနည်းပါချေ။ မာမီကလည်း နောင့်သတင်းဆို ကိုယ့်ထက်ပိုသိနေတော့ လိုက်ပိတ်လို့လည်းမရ။ ဖုံးဖိလို့လည်း မရ။

မိုးရေစက် များ အငွေ့ပျံချိန်Where stories live. Discover now