_1..

1.9K 54 5
                                    

"ဗျာ! လက်ထပ်ရမယ်??"

ဘယ်လိုစကားမျိုးကို‌ေဖ‌ေဖကပြောရက်တာလဲ။လက်ထပ်ရမယ်ဆိုတာကျွန်တော်အတွက်အဲ့လောက်ထိပ်လန့်စရာမကောင်းပေမယ့်ယောကျာ်းလေးတစ်ယောက်နဲ့...။

အလွန်ပင်ကျယ်ပျံ့ပြီးခံနားလှပါသောနန်းတော်ကြီးတစ်ခုသဖွယ်အိမ်တော်ကြီးရဲ့အတွင်းအဖေဖြစ်နဲ့သားဖြစ်သူကိစ္စတစ်ခုကြောင့်ခိုက်ရန်ဖြစ်နေကြသည်။

"Jeon Jungkook......ဖေဖေ့စကားကိုမင်းဘယ်တုန်းကလွန်ဆန်ဖူးလဲ?
မင်းကိုမကောင်းတာတစ်ခုငါစီစဉ်ခဲ့ဖူးလား?"

ဖေဖေဘက်ကမေးလာသည်။ကျွန်တော်မွေးထဲကမေမေဆိုတာရုပ်လည်းမမြင်ဖူးသလိုနာမ်လဲမခေါ်ဖူး။သို့ပေမယ့်ဖေဖေကမေတ္တာတွေအပြည့်အဝပေးတယ် ကျွန်တော်လိုသေသေးမရှိအောင်ထားတယ်။ကျွန်တော်မျက်နှာတစ်ချက်မပျက်အောင် ကျွန်တော်လူကြားတိုးအောင်။
ယောကျာ်းတစ်ယောက်နဲ့လက်ထပ်ရမယ်ဆိုတာတော့မဟုတ်သေးပါဘူးဗျာ!။

"မင်းမှာဖေဖေ့အတွက်အဖြေမရှိဘူးမလား....မင်းလက်ခံရမယ်jeon"

"ကျွန်တော့်ကိုအမိန့်ပေးနေတာများလား...."

"ဟင့်အင်း မလုပ်ခဲ့ဘူး ငါတစ်ခါမှမင်းကိုအမိန့်မပေးခဲ့ဘူး...မင်းသိမှာပါငါ့မင်းအဖေjeon မင်းလက်ထပ်ရမယ်.....
ယောကျာ်းလေးတစ်ယောက်ဖြစ်ပေမယ့် မင်းနောင်တရစရာမရှိဘူး"

ဘာလို့ဖေဖေတစ်ထစ်ချပြောနိုင်ရတာလည်း။အဲ့လူကဘာတွေကောင်းနေလို့လည်း ဘာလို့စိတ်ချနိုင်ရတာလည်း ကျွန်တော်မေးချင်တယ်သို့ပေမယ့်လဲလွန်မဆန်ချင်ဘူး တစ်ခုတည်းသောအဖြေကကျွန်တော်ဖေဖေ့ကိုချစ်တယ်....။

"လက်ခံလိုက်ပါjeon...."

"ဒါဆိုလည်း ကျွန်တော်သူနဲ့တော့အရင်တွေ့ရမှာပေါ့....."

"ဒါပေါ့"

ကျွန်တော်လက်ခံမိသည်။ဖေဖေ့ကိုယုံကြည့်လို့....ချစ်လို့ ဖေဖေ့က‌ကျွန်တော့်ဘဝမို့။

"ရော့...."

လက်ထဲစာအိတ်တစ်ခုထည့်ပေးလာသည်။ထိုစာအိတ်ထဲနာမည်,ပြီးတော့ လိပ်စာ...နောက်ထပ်ဟာတွေကတော့cafeဆိုင်တစ်ခုရဲ့လိပ်စာနဲ့အချိန်နဲ့နေ့ရက်။
ကြည့်ရတာတွေ့ဖို့ရက်ထင်သည်။

CLOUD'S FIREWhere stories live. Discover now