_17..

391 30 4
                                    

ကားအနက်ဟာခြံဝန်းအကျယ်ရှေ့ထိုးရပ်လိုက်ပြီး အိမ်တော်ကြီးရဲ့ပိုင်ရှင်ဖြစ်သူမှာခြေလှမ်းအလျင်အမြန်ဖြင့်အိမ်ထဲသာဦးတည်စွာဝင်သွားသည်။

လမ်းတစ်လျှောက်ဘာကိုမှအာရုံထဲရောက်မနေပဲသူ့ရဲ့ကိုယ်ပိုင်အိမ်ခန်းသာအာရုံစိုက်ပြီးအလျင်ဖြတ်သွားသည်မှာ အဖေဖြစ်သူနဲ့အမေဖြစ်သူအံဩသွားရလောက်တဲ့ထိပင်။
ဘာတွေဖြစ်လာမှန်းမသိပြန်တဲ့ဒီကလေးကိုhobiတစ်ယောက်နဲ့တော့အဆင်ပြေမှာပါ‌လို့တွေးရင်းလွှတ်သာထားလိုက်သည်။

ဒုန်း

တံခါးသံကျယ်ကျယ်ကြောင့်jiminအခန်းထဲကြိုရောက်နေနှင့်သောhobiတစ်ယောက်လန့်သွားရသည်မှာခန္ဓာကိုယ်ပင်တုန်သွားရသည့်အထိ။

မျက်ဝန်းရဲရဲတွေကပုံမှန်ဟုတ်မနေတဲ့အနေအထား
ကျွန်တော်ကိုလည်းတွေ့ရောရေချိုးခန်းထဲပြေးဝင်သွားတော့တာပဲ
မဖြစိဘူး.....ဘာတွေဖြစ်နေလည်းဆိုတာတော့မေးမှရမယ့်အခြေနေမဟုတ်လား။

"ဂျီ ဂျီ....တံခါးဖွင့်အုန်း"

ဟင့်အင်း.....ဟင့်အင်းမဖွင့်ချင်ဘူး
ဒီ ဒီတိုင်းပဲလွှတ်ထားပေးကြပါလား....။

"ဘာတွေဖြစ်နေလည်းဆိုတာတော့hyungကိုပြောပြအုန်းမှပေါ့"

"မပြောရင်တောင်hyungကိုထွက်တွေ့ပါ"

တိတ်ဆိတ်နေတဲ့ရေချိုးခန်းထဲဘာသံမှပင်မကြားရ။
မျက်လုံးတွေရဲ့အရိပ်အကဲအချို့အရဆိုသူငိုလာခဲ့တာ ငယ်ငယ်ထဲကအတူနေလာကြတဲ့hobiအတွက်တော့ငြင်းမရသည်မှာအမှန်။

"hyungကိုမှမပြောရင်ဘယ်သူ့ကိုပြောမှာလဲ....."

ဘာအသံမှထွက်မလာတဲ့ရေချိုးခန်းထဲကရှိုက်သံတစ်ခုကိုကြားလိုက်ရသည်။
အတူရှိလာခဲ့ကြတဲ့တစ်လျှောက်ဒီလိုရှောင်ပုံးပြီးငိုနေခဲ့ခြင်းကိုhobiပထမဆုံးအကြိမ်‌ကြုံလိုက်ရခြင်းပင်။

ခနအကြာပွင့်လာသောတံခါး
တံခါးရဲ့နောက်ကွယ်ထိုသူသည်ခေါင်းငုံကာပြိုလဲနေတဲ့မျက်နှာလှလှအားဖုံးကွယ်ပြန်တယ်။

"ပြဿနာကဘာလဲ"

အဖြေထွက်မလာခဲ့ပေမယ့်မျက်နှာဟာအောက်သို့ပိုငုံသွားခဲ့ပြန်တယ်။

CLOUD'S FIREWhere stories live. Discover now