_10..(P2)

302 20 2
                                    

နာရီလက်တံတစ်ချက်ချက်သည်စက္ကန့်နှင့်အမျှအလုပ်လုပ်နေဆဲ
ရုံးခန်းတွင်စားပွဲပေါ်မှောက်အိပ်နေသောသူတစ်ယောက်သည်လည်းအိမ်မက်ထဲလည်နေလောက်မည်။

"အဲ့roomကအချိန်ပြည့်နေပြီဗျ"

"ဘယ်လို?"

မဖြစ်နိုင်တာ (၆)နာရီခွဲလာခဲ့ပါဆိုတဲ့ message ကဖုန်းဖန်သားပြင်ပေါ်မှာ....ကိုယ်ကိုယ်တိုင်လဲအမြင်မှားနေတာလည်းမဟုတ်ပဲ

ချိန်းထားတဲ့အချိန်အတိအကျရောက်သွားပြီးမေးခဲ့ပေမယ့်ဝန်ထမ်းကောင်လေးကတိကျတဲ့အဖြေပုံစံပြန်ပေးခဲ့သည်။
သူလုံးဝမယုံနိုင်ခဲ့ပါ သက်ဆိုင်သူမှာလည်းအဲ့လိုလုပ်လိမ့်မည်မထင်။

"ဟို...ကျွန်တော်ကအဲ့လူချိန်းထားတဲ့ဧည့်သည်ပါ
ကျွန်တော့ကိုကလေ(၆)နာရီလာခဲ့ပါလို့ပြောထားတာ အခုက(၆)နာရီကိုအချိန်ပြည့်နေပြီဆိုတော့ဘယ်လိုများလဲ"

"အာ အဲ့တာကကျွန်တော်လည်းမသိပါဘူး ခုနကဒီroomကိုယူထားတဲ့min yoongiဆိုလား
အဲ့အမျိုးသားကဖုန်းဆက်ပြီးအခန်းမယူတော့ကြောင်းပြောလို့ပါ...."

မျက်နှာချင်းဆိုင်ကောင်လေးဆီမှမျက်နှာလွှဲလိုက်သည်။
ဒါဘယ်လိုလှည့်စားမှုမျိုးပါလဲ.....ဒီလိုနေ့မျိုးမှာ
ဒီလိုနေ့မျိုးမှာလုပ်ရက်တာလား မဟုတ်ဘူး လုံးဝမဟုတ်နိုင်ဘူး ဒါမဖြစ်နိုင်ဘူး။
လာမှာပါ လူကြီးကလာမှာ.....
ဟုတ်တယ်လူကြီးကိုစောင့်ရမယ်။

ရုတ်တရက်ထွက်ပြေးသွားတဲ့လူကိုကြည့်ရင်းဝန်ထမ်းကောင်လေးမှာလည်းအကေကာင်သားကြည့်နေရသည်။

နေဝင်စကောင်းကင်ကြီးအောက် hotel ရှေ့ကကောင်လေးသည်မျက်ရည်တွေနဲ့လှုပ်လှုပ်ရှားရှား
ငိုနေတယ်လို့လည်းဆို၍မရ။

အာ....ဖုန်းရှိနေတာပဲ! ညံ့လိုက်တာကင်မ်ထယ်ဟျောင်းရယ်။

ဘောင်ဘီအိတ်ကပ်ထဲကဖုန်းကိုအလျင်ထုတ်လိုက်ကာဖုန်းနံပါတ်တစ်ခုကိုနိုပ်လိုက်သည်
ဘယ်သူလည်းပြောစရာမလိုသူ့ရဲ့တစ်ဦးတည်းသောချစ်ရသူဆီသာ။

စက္ကန့်အနည်းငယ်အကြာဖုန်းသည်မြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သည်။
သူတကယ်လုပ်ရက်ခဲ့သည်......။ ။

CLOUD'S FIREWhere stories live. Discover now