_7..

358 23 3
                                    

"jungkookကလဲသောက်ပါအုန်းကွာ"

"တော်ပြီhyungရဲ့ ကျွန်တော်ကမူးသွားရင်ထိန်းနိုင်တာမဟုတ်ဘူး"

jungkookအနည်းငယ်မူးသယောင်ဖြစ်နေသညိ။ဒါတောင်namjoonကနောက်ထပ်သောက်ရန်ပြောနေသေးသည်လေ။
မီးရောင်စုံတွေနဲ့VIP roomတစ်ခုထဲnamjoon,jinနှင့်အတူတခြားမသိသူများလည်းjungkookနဲ့အတူပါလာသည်။

"မရဘူး မရဘူး တစ်နှစ်မှတစ်ခါမူးစမ်းပါကွာ ရော့"

အတင်းပါးစပ်ထဲထိုးတိုက်နေပါသောjinတစ်ယောက်မှာမူးနေသည်ဆိုတာအသေချာ။
စရောက်တုန်းကဂိမ်းတွေဆော့ ရလာတဲ့မုန်တွေစား သီချင်းတွေဆိုရင်းကလေးတွေလိုပျော်ပါးနေပေမယ့်လဲနောက်ဆုံးဘူတာကတော့သူတို့ရှေ့ပုလင်းတွေတန်းစီလို့။
jungkookတစ်ယောက်ဘယ်သူ့စကားကိုမှမငြင်းနိုင်တော့ပေ။ ။

____________။
ဒီကောင်လေးကြာလိုက်တာ...သူ့အိမ်ကိုဖုန်းဆက်တော့လာခေါ်ဖို့ဖုန်းဆက်လို့လူလွှတ်ပြီးထားပြီတဲ့လေ....
နာရီကြည့်တော့(၉)နာရီပင်ထိုးတော့မည် အလုပ်သမားတွေလည်းမရှိအိမ်တစ်အိမ်ထဲjiminတစ်ယောက်ထဲသာ။
ဧည့်ခန်းရှိခုံတွင်ထိုင်ကာ companyစာရင်းတွေသာစစ်နေလိုက်သည်။

အမြင်တွေဟာဝေဝါးနေပြီးမျက်လုံးထဲparkjiminဆိုသူရဲ့အပြုံးတွေဝေဝေဝါးဝါးမြင်နေရသည်။

"အာ park jiminလာခေါ်နေတာပဲ အစ့်"

အမှန်တော့အိမ်ကအလုပ်သမားတွေပင်။

"jungkook မူးနေပြီစိတ်ထိန်းအုန်း"

ဒီလောက်ထိမူးမယ်လဲမထင်ထားပေ။မစားရသေးတဲ့ခေါက်ဆွဲကြော်ပုကန်ကိုလဲအမှိုက်ဆိုပြီးသွန်ချလိုက်ထဲကnamjoonတစ်ယောက်တိုက်မိတာမှားမှန်းနောင်တရနေရသည်။
အခုလည်းပုခုံးကနေတွဲထားတာတောင်ခန္ဓာကိုယ်ကမြေကြီးနဲ့ခွဲမရအောင်ဖြစ်နေသည်။

"သူ့ကိုသေချာပို့ပေးလိုက်ပါ အရမ်းမူးနေပြီ"

"ဟုတ်ကဲ့ပါ"

ဟုတ်ကဲ့ပါသာပြောတယ်နိုင်မယ့်ပုံမပေါ် ပါလာသည့်အစောင့်သုံးယောက်တွဲခေါ်သွားတာသာကြည့်။ဒါတောင်park jiminတဲ့လေ။

ကားထဲအသံတွေဝေဝေဆာဆာကြားအစောင့်တွေမှာလဲတချက်ချက်ရယ်လိုက် နားငြီးလိုက်ဖြစ်နေရသည်။jeonအိမ်မှာအလုပ်လုပ်တဲ့သက်တမ်းတစ်လျှောက်jeonမူးသည်ကိုပထမဆုံးမြင်ကခြင်း။များသောအားဖြင့်jeonသည်အိမ်မှာပဲသောက်လေ့ရှိသည်။
ကားတစ်စီးသည်ခြံဝန်းကြီးရှေ့ရပ်လိုက်ပြီး ဟွန်းတီးတာအိမ်ထဲကလူကိုခေါ်လိုက်သည်။

CLOUD'S FIREWhere stories live. Discover now