_2..

592 34 3
                                    

"ဝိုး ဒါ‌ဆိုငါ့တို့ကောင်ကြီးjungkookလက်ထပ်ရတော့မှာပေါ့"

"မနောက်ပါနဲ့hyungရယ်...hyungတို့တွဲတာသာသဘောကျတာကျွန်တော်ကိုယ်တိုင်ကြီးကျ...."

ကျောင်းတော်ကြီးတစ်ခု၏ခုံတန်းလေးတစ်ခုတွင်ဖြစ်သည်။jeonသည်တတိယနှစ်ကျောင်သား။
အတူရှိနေသည်မှာnamjoonနဲ့jinသာ။သူတို့သည်ပထမနှစ်ထဲကတွဲလာကြသောရည်းစားတွေဖြစ်သည်။သူတို့ကိုလဲမထူးဆန်း LGBTကိုလည်းလက်ခံသည် သို့ပေမယ့်သူကိုယ်တိုင်ကျလက်ခံဖို့အချိန်ယူရန်လိုအပ်သေးသည်။

"ဘာမှအဖြစ်ပါဘူးjungkookရာ မင်းကကလေးမှမဟုတ်တာ ပြီးတော့အဲ့ကောင်လေးကအသက်ငယ်ပါသေးတယ်..."

jin hyungရဲ့စကားကိုငြိမ်ပြီးနားထောင်မိသည်။

"ဘယ်လိုလည်းတွေ့ပြီးပြီလား လှလား?"

namjoon hyungရဲ့မေးကjeonအတွက်ဖြေရခက်စေသည်။
ယောကျာ်းလေးတစ်ယောက်ကိုလှရဲ့လားမေးတော့ဘယ်လိုဖြေရမလည်း။

"မသိဘူး.....လှတာမလှတာထားပါဗျာ ကျွန်တော်ကရည်းစားတောင်ထားဖူးတာမဟုတ်ဘူး ပြီးတော့အချစ်ဆိုတာလည်းမသိဘူး"

မှန်ပါသည် ဒီကောင်လေးနဲ့စတွေ့ထဲကသူသည်တစ်ယောက်ထဲနေတက်တဲ့သူပြီးတော့မိန်းကလေးတွေနဲ့လည်းမရောတက်။
တစ်ကျောင်းလုံးမှာ namjoonနဲ့jinနှစ်ယောက်နဲ့သာပေါင်းသည်။

"ဒါဆိုအချစ်ရှာပေါ့ မင်းဘယ်တော့လက်ထပ်မှာလဲ"

"ကျွန်တော်လက်မထပ်သေးဘူးလို့ပြောလိုက်တယ် ဒါပေမယ့်တူတူနေမယ်လို့ပြောလိုက်တယ်"

"ဘာ ခွီးးး"

Jeonရဲ့စကားကြောင့်namjoonရောjinပါထရယ်ကြတော့သည်။
လက်မထပ်ပဲတူတူကြတော့နေမည့်တဲ့လား သူတို့အတွက်ကြားရတာရယ်စရာကောင်းသည်။

"မဟုတ်...မဟုတ်ဘူးလေ ကျွန်တော်ပြောတာကဟိုလိုအိမ်နဲ့တူတူနေမယ်ပြောတာhyungတို့ကလဲ"

"သိပါတယ်ကွာ ဟားဟား ဒါနဲ့သူကဘာပြောလဲ"

"သဘောတဲ့..."

"ကြည့်ရတာမင်းကိုကြိုက်နေတာထင်တယ်"

namjoon hyungရဲ့စကားကြောင့်ခနတွေးဝေမိသွားသည်။
စပ်ဆက်ကြည့်မယ်ဆိုဖြစ်နိုင်ပေမယ့် ကျွန်တော်လည်းမသိဘူး...နားထဲ'မုန့်တစ်ခုကိုမကြိုက်ပဲမင်းစားမလား'ဆိုတဲ့စကားကိုပြန်ကြားမိတယ်။
တကယ်ပဲကျွန်တော့်ကို.....။

CLOUD'S FIREWhere stories live. Discover now