_10..

386 24 2
                                    

ကော်ဖီခက်နွေးနွေးတစ်ခွက်ဟာမနက်တိုင်းနေရာယူထားတုန်းပင်....

ရင်ခွင်ငယ်ထဲဝင်အိပ်တဲ့ရက်တွေဟာလဲနည်းတော့မည်မထင် ရင်ခွင်ကျယ်ထဲဝင်အိပ်တဲ့ညတွေကတော့အတော်ပင်ပြည့်စုံခဲ့မည်ထင်သည်။

ပန်းသီးရဲရဲလေးကိုအတူခူးခဲ့ကြပြီးအတူစားခဲ့ကြသေးသည်။
"မင်းကပန်းသီးသိပ်မကြိုက်ဘူးမဟုတ်လား"လို့မေးတော့"hyungကျွေးတော့စားရမှာပေါ့"တဲ့လေ......
ရုပ်ရှင်ရုံကိုကိုယ်တိုင်ခေါ်သွားခဲ့ပါသေးတယ် ကိုယ်တိုင်လမ်းလျှောက်ပြီးမောင့်ရဲ့လက်ကိုတွဲပြီးလေ အင်း မောင်တော့မသိပေမယ့်ကျွန်တော့အတွက်ကမောင်နဲ့ရှိနေတဲ့အချိန်တိုင်းအမှတ်တရပဲဗျ....။

"ဂျီ...."

ပန်းသီးပင်တွေကိုရေဖြန်းနေရင်းအတွေးတွေထဲမျောမိသွားပြီ....လူဝင်လာတာတောင်မသိတဲ့ထိ။

"Hyungစီစဉ်ပြီးပြီနော်....ညနေ(6)နာရီလက်မှတ်လုပ်ထားလိုက်တယ်"

ဒီနေ့ပဲ....ဒီနေ့ရောက်လာခဲ့ပြီ မနက်လေယျာဉ်လက်မှတ်ကိုဖျက်ပြီးညနေပြန်လုပ်ခိုင်းလိုက်ရတာ....
အဓိကအချက်ကမင်းကိုငါမပြောရသေးဘူးမောင်....။

"အချိန်မစွဲနဲ့နော်ဂျီ အကုန်ပြင်ဆင်ပြီးနေပြီ"

"ကျွန်တော်သိပါတယ်...."

တိတ်ဆိတ်သွားတဲ့ပက်ဝန်းကျင်လား စိတ်ထင်လို့များတိတ်ဆိတ်သွားခဲ့တာလား...
သေချာတာတစ်ခုကတော့ရင်ထဲမှာမကောင်း။
"ဒါမင်းပုံစံမဟုတ်ဘူး မားမကြိုက်ဘူးနော်Park Jimin!"ဆိုတဲ့မားရဲ့အသံဟာလည်းအထပ်ထပ်....ဟုတ်တယ်ငါ့ပုံစံမဟုတ်သေးဘူး မပျော့ညံ့စမ်းပါနဲ့အချိန်တစ်နှစ်ကျော်ဟာခနပဲမင်းလုပ်နိုင်မှာပါ...။ ။

company အတွက်လည်းမှာစရာတွေရှိသေးတာကြောင့်hobiနဲ့အတူဧည့်ခန်းထဲဝင်လာလိုက်ကြသည်။

__
ရင်ခွင်ငယ်‌လေးထဲဝင်အိပ်ခဲ့တုန်းကဆံပင်ဖွာဖွာလေးတွေကိုသပ်ပေးရင်းခိုးနမ်းမိခဲ့ပါသေးတယ်....
မောင့်ကိုပြစရာရှိလို့လိုက်ခဲ့ပါလား ဆိုပြီးရုပ်ရှင်ရုံကိုလမ်းလျှောက်ခေါ်သွားတယ်တဲ့လေ....

ချစ်စရာကောင်းခဲ့ပါတယ်အများကြီးလည်းကောင်းနေတုန်းပါပဲ
ဖေဖေ့ရဲ့ companyမှာသွားလေ့လာခဲ့တုန်းကအတင်းလိုက်ခဲ့ဖို့ခေါ်ခဲ့တာဒါလည်းအလိုလိုက်ပြီးပါလာပြန်တာပဲ...မသိတဲ့ဟာတွေကိုလည်းစိတ်ရှည်ရှည်နဲ့ရှင်းပြရှာတယ်သိလား အဲ့အချိန်ဆိုအဲ့လူကတော်တော်ဆွဲဆောင်မှုရှိတယ်...
တစ်လပြည့်တဲ့နေ့တုန်းကကျွန်တော်မသေချာလို့ဖွင့်မဟနိုင်ခဲ့ဘူး ကြယ်ရောင်စုံတွေအောက်အနမ်းတွေတော့ချွေခဲ့ကြသည်ဝိုင်နီနီကြောင့်ရဲနေတဲ့နှတ်ခမ်းဖူးဖူးလေးကလည်းဆွဲဆောင်ခဲ့တာကိုး....

CLOUD'S FIREWhere stories live. Discover now