"ဒါကဘာအပင်ကြီးလဲ"
"အဲ့တာကပန်းသီးပင်ပါ အားလုံးပေါင်းသုံးပင်ပါ အပင်ကအလတ်အရွယ်လောက်ဆိုတော့အသီးတွေလဲသီးတော့မှာ....ဟို bossပဲပန်းသီးပင်ဆိုလို့"
"ဟုတ်ပါတယ် ငါမေးတာလဲမေးခွန်းတစ်ခုထဲပါလုပ်လုပ် ဆက်လုပ်"
တုန်တုန်လှုပ်လှုပ်နဲ့ဖြေလာတဲ့ကောင်လေးကြောင့်jiminတစ်ချက်ပြုံးမိသွားသည်။အရင်ကဆိုစကားနဲ့စိတ်အလိုမကျတောင်အဖြစ်မခံတဲ့bossကြောင့်ထိုကောင်လေးလဲထူးဆန်းသလိုခံစားနေရတာအမှန်ပင်။
ဒီနေ့jeonအဖေပေးထားတဲ့အိမ်ကိုသွားကြည့်ဖြစ်တယ်။အိမ်ကနှစ်ယောက်ထဲနေဖို့အတွက်ဆိုအရမ်းကျယ်လွန်းတယ်လို့တော့ထင်မိတာအမှန် ဘာလို့လည်းဆိုတော့အိမ်ကနှစ်ထပ်ရှိပြီးအိမ်ပုအမျိုး။
ပြီးတော့ခြံကလဲအနည်းငယ်ကျယ်သေးသည်။အခုကတော့ခြံထဲအလုပ်သမားတချို့ကိုခေါ်ပြီးပန်းသီးပင်လေးတွေစိုက်ခိုင်းလိုက်တယ် ရည်ရွယ်ချက်ကတော့ထွေထွေထူးထူးမရှိပေမယ့်ကိုယ်ပိုင်တဲ့အပင်ကသစ်သီးကိုစားရတဲ့အရသာကတခြားထပ်များပိုထူးခြားမလားလို့
နောက်တစ်ခုကတော့သွားခိုးကြည့်ချိန်တိုင်းပန်းသီးကိုကျောပိုးအိတ်ရဲ့ဘေးအကန့်မှာထည့်ထားတက်တဲ့ကောင်ငယ်လေးကြောင့်လဲပါမယ်ထင်ပါရဲ့။"အမယ် ဒီcompanyပိုင်ရှင်ကြီးပြုံးပြီးဘာတွေများစိတ်ကူးယဉ်နေပါလိမ့်"
စာရင်းစာအုပ်တစ်အုပ်ကိုကိုင်ကာပန်းသီးပင်တွေကိုပြုံးပြီးကြည့်နေတဲ့jiminအနားသို့hobiလျှောက်လာသည်။
"အာ ပြုံးမိသွားတာလား"
ကိုယ့်အတွေးနဲ့ကိုယ်ဆိုတော့ပြုံးမိမှန်းတောင်သတိမထားမိ။
Hobiလဲထိုအပြုံးကအရင်ကမြင်ရခဲသည်ကြောင့်အခုလိုတွေ့ရတာသူ့အတွက်စိတ်ချမ်းသာစရာတစ်ခုဖြစ်သည်။"Park Jiminတို့များကွာ သူများထပ်ထူးတာတွေသိပ်လုပ်လိုက်ရမှ"
"Hyungကလဲဗျာ အဲ့လိုမဟုတ်ပါဘူးသူ့ဘာသာကိုမဖန်တီးပဲထူးနေတာ သိတယ်မလားPark Jiminပါဆို"
Jiminစကားကြောင့်သဘောကျစွာရယ်လိုက်သည်။ငယ်ငယ်ထဲကလူအများကြိုက်တက်တဲ့အရုပ်တွေဝယ်ပေးလို့ဂျီကျတဲ့ကလေးရယ်ပါ သူ့အတွက်ဖန်တီးပြီးအရုပ်ဆိုင်ကိုအရုပ်လုပ်ခိုင်းရတဲ့ထိ။
YOU ARE READING
CLOUD'S FIRE
Fanfictionဘယ်လောက်တောက်လောင်ပြီးအရှိန်ပြင်းလွန်းတဲ့မီးဖြစ်ပါစေအုန်း။ တိမ်စိုင်တွေကိုဘယ်မီးတောက်ကမှမမှီနိုင်တာ မင်းသိထားပေး။ ။ ㅡMIN'S //18522