"သူ့နောက်ကိုမျက်ခြေတစ်ချက်မပျက်စေနဲ့လို့မင်းတို့ကိုပြောထားတယ်လေ!!"
"တောင်း တောင်းပန်ပါတယ်boss..."
"တောက်စ်!"
companyခန်းအတွင်းနောက်ယောင်ခံလိုက်ဖို့တာဝန်ပေးထားသူများတန်းစီနေသည်။
နောက်ယောင်ခံလိုက်နေရင်းမှခြေရာပျက်သွားသောကြောင့်ခိုင်းသူမှာဒေါသအလွန်ပင်ထွက်နေသည်။
ကျယ်လွန်းပါသောတောက်ခေါက်သံနှင့်အတူအရှိန်ဖြင့်လက်သီးမှာပးလည်းထိုသူအပေါ်ကျရောက်သွားတော့သည်။"boss ခနလေးပါ ကျွန်တော်ထိုးချင်လဲထိုးပါ...ဒါပေမယ့်ကျွန်တော်တို့bossပြောတဲ့သူနောက်ုကိုမျက်ခြေမပျက်လိုက်ပါတယ် ဒါပေမယ့်သူကကျွန်တော်တို့ကိုသေချာအကွက်ချသွားတာ"
နောက်တစ်ယောက်မှအရဲစွန့်စွာအရှေ့တိုးပြီးပြောလာသည်။
"မင်းတို့အမှားမဟုတ်ဘူးလို့ပြောချင်တာလား!"
"အဲ့လိုလဲမဟုတ်ပေမယ့်......ဖုန်းဆက်ကြည့်ပါလားboss"
ထိုသို့ပြောလိုက်တော့ထိုသူတွေနဲ့ဆန့်ကျင်ဘက်ကိုမျက်နှာမူလိုက်ပြီးစားပွဲပေါ်ရှိဖုန်းကိုတစ်ချက်ကြည့်လိုက်သည်။
ထိုသူသည်အရမ်းပါးနက်ပါသည်။နောက်ယောင်ခံလိုက်တိုင်းလဲသူမသိတဲ့ရက်မရှိပေ။
အိတ်ထဲရှိဖုန်းနဲ့သာဆက်ဖို့ဖုန်းကိုဖွင့်ပြီးတပြိုင်နဲ့ခေါ်လိုက်သည်။ပထမအကြိမ်ခေါ်တော့'လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာသက်မှတ်အချိန်အတွင်းပြန်လည်ဖြေကြားချင်းမရှိ'။ဒုတိယအချိန်ထပ်ခေါ်သည် ဘာသံမှမကြားပဲကျသွားသည်။တောက်တစ်ချက်ခေါက်ကာရုံးဖုန်းနဲ့ခေါ်လိုက်သည်။
>>"ဟယ်လို"
အသံနဲ့အမျှဆူညံ့နေပါသောတီးလုံးသံတွေပါအတူကပ်ပါနေသည်။
ထိုသူရဲ့အသံကိုသေချာအာရုံစိုက်မှသာကြားနိုင်သည့်အထိထိုသီချင်းသံများဟာဆူညံ့နေသည်။"ဘယ်မှာလဲ"
>>"ဟယ်လို လူကြီးဘာမှမကြားရဘူးခနလေးကိုင်ထားနော်"
အဝေးတစ်နေရာကိုထွက်လာသည်နှင့်တူသည်သီချင်းသံတွေမှာတဖြေးဖြေတိုးသွားသည်။ကြည့်ရတာ clubသို့မဟုတ်barတစ်နေရာရာတွင်ဖြစ်လောက်မည်။
YOU ARE READING
CLOUD'S FIRE
Fanfictionဘယ်လောက်တောက်လောင်ပြီးအရှိန်ပြင်းလွန်းတဲ့မီးဖြစ်ပါစေအုန်း။ တိမ်စိုင်တွေကိုဘယ်မီးတောက်ကမှမမှီနိုင်တာ မင်းသိထားပေး။ ။ ㅡMIN'S //18522