နေ့တစ်နေ့ရဲ့အစဟာနေရောင်ခြည်ဖြာဖြာနဲ့သာယာနေခဲ့ပါသည်။
လှေကားပေါ်ကသဘက်တစ်ခုဖြင့်ခေါင်းသုတ်ကာဆင်းလာတဲ့ဂျွန့်အတွက်စားပွဲပေါ်ကကော်ဖီခွက်လေးသည်စောင့်မျှော်နေသည်။
ဒီကော်ဖီခွက်က.....
တဖက်မှာဖွားဖွားကြီးကတံမြတ်စည်းလှဲနေတယ် ဖွားဖွားကြီးဖျော်ပေးထားတာများလား?
"ဒါကဖွားဖွားကြီးဖျော်ေပးထားတာလား...."
ကော်ဖီခွက်ကိုတစ်ချက်မော့ပြီးမေးလိုက်တော့မေးခွန်းတောင်မဆုံးသေးတံမြတ်စည်းလှဲနေရင်းထွက်သွားသည်။
ဘာလဲ မကြားတာလား?အရင်နေ့တွေကရှိမနေခဲ့တဲ့ကော်ဖီကဒီနေ့မှထူးထူးဆန်းဆန်းပင်
ထိုသူရှိတုန်းကဖျော်ပေးနေကျမဟုတ်လား ဒီနေ့မှဘာလို့လဲ ဘာပဲဖြစ်ဖြစ်ပါလေဖျော်တဲ့သူကလဲဖျော်တော့သောက်ရုံပေါ့!။"hyung......ကျွန်တော်တို့လိုက်ချောင်းမှသူကအပြင်မထွက်ရင်ရော"
"မပြောတက်ဘူးလေ ထွက်တာတော့ထွက်မယ်ထင်တာပဲ"
စောစောစီးစီးပင်hyungကလိုက်ချောင်းဖို့ကိုအကြံလာပေးတယ်
မကြာပါဘူးလက်ခံပြီးထွက်လာလိုက်တာအခုဆိုအိမ်ရှေ့တောင်hyumgမကြံနဲ့ရောက်နေခဲ့ပြီ။ခြံနှင့်နဲနဲလှမ်းနဲ့တစ်နေရာမှာကားအနက်ရောင်တစ်စီးရပ်နေသည်။
ကားအနောက်ခန်းထဲကသူခိုးချောင်းသလိုချောင်းနေသည်မှာတော့jiminနှင့်hobiသာတစ်ခါမှမလုပ်ဖူးတဲ့အလုပ်ကိုpark jiminဘဝမှာအခုမှပထမဆုံးအတွေ့ကြုံပင်။
"ဆရာ ကားအဖြူတစ်စီးထွက်လာပြီ"
အရှေ့ကကားမောင်းသူစကားကြောင့်လှမ်းကြည့်တော့ကားထဲကကောင်ငယ်လေး။ထိုေကာင်ငယ်ေလးသည်ပတ်ဝန်းကျင်ကိုမေ့နေဟန်
လက်ရှည်အမဲရောင်လေးနှင့်မောင်သည်သေချာပေါက်ကြည့်ကောင်းနေခဲ့ပါတယ်
မောင်ဦးတည်နေတဲ့လမ်းကြောင်းကကိုယ့်အတွက်ခံစားစေမယ့်အရာမဟုတ်ဘူးမလားဟင်။စိတ်ထဲအတွေးနှင့်မေးခွန်းတစ်လှည့်စီဖြစ်နေတဲ့jiminသည် ကားမောင်းထွက်သွားတာတောင်သတိမထားမိနိုင်အောင်အတွေးလွန်နေသည်။
YOU ARE READING
CLOUD'S FIRE
Fanfictionဘယ်လောက်တောက်လောင်ပြီးအရှိန်ပြင်းလွန်းတဲ့မီးဖြစ်ပါစေအုန်း။ တိမ်စိုင်တွေကိုဘယ်မီးတောက်ကမှမမှီနိုင်တာ မင်းသိထားပေး။ ။ ㅡMIN'S //18522