( VegasPete တို့ရဲ့ Side Story ကို ဖတ်ပြီးနောက် အရမ်းကြိုက်လွန်းလို့ ဘာသာ ပြန်လိုက်ပါတယ်။
ပျော်ရွှင်ပါစေ... )"ကျေးဇူးပဲ"
ဒီနေ့ ကျွန်တော် သူ့ကို တက္ကသိုလ် တစ်ဝိုက် ဆိုင်ကယ်ပတ်စီးဖို့ ခေါ်သွားပြီးနောက် ကြားလိုက်ရသော အသံဖြစ်သည်။
ဒါဟာ သူနဲ့ ရင်းနှီးဖို့ အခွင့်အရေးဖြစ်ပြီး ဒီလို အခွင့်အရေးက မြန်မြန် ရောက်လာမယ်လို့ မျှော်လင့်မထားမိဘူး။"နောက်ရက်တွေလည်း ဆိုင်ကယ်စီးချင်ရင် ငါ့ကို အချိန်မရွေး ခေါ်လို့ရတယ်"
ကျွန်တော့် အရှေ့က လူကို ပြုံးရင်းပြောလိုက်သည်။ဒီလူ Porsche က ကျွန်တော့် မျက်လုံးထဲမှာ အမြဲ ကြည့်ကောင်းနေသည်။ သူ့ရဲ့ ခန္ဓာကိုယ် ၊ သူ့ရဲ့ ပုံစံ ဒါမှမဟုတ် သူ့ရဲ့ ခေါင်းမာတတ်တဲ့ စိတ်နေစိတ်ထားတွေ ပြီးတော့ အကဲစမ်းခက်ခဲပေမယ့် ကျွန်တော် နှစ်သက်သည်။
"မင်းကြိုက်ရင်... ၀ယ်လိုက်လေ"
သူက စဉ်းစားမနေပဲ ပြောလိုက်သည်။သူ့ရဲ့ အမူအယာက စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းပေမယ့် သူ့ရဲ့ လှုပ်ရှားမှု့တိုင်းက ကျွန်တော်အတွက် အကြည့်မလွဲနိုင်ဖြစ်စေသည်။
"အင်း... ငါ၀ယ်လိုက်ရင် အခုလိုပဲ မင်း ငါ့အနောက်ကနေ လိုက်စီးမလား?" ကျွန်တော်ပြုံးပြလိုက်သည်။
ကျွန်တော့် အကြည့်တွေမှာတော့ သူ့ကို အီစီကလီ လုပ်နေသည်ဆိုသော ရည်ရွယ်ချက်အစစ်အမှန်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ "အမှတ်" ရဖို့ အခွင့် အရေးရှိနေတုန်း ကျွန်တော့်ဘက်က အမြန်လှုပ်ရှားရမည် ဖြစ်သည်။
"မင်း သွားတော့လေ ...ထပ်ပြီး ကျေးဇူးပဲ" ။
Porsche က စကားစကို အမြန်ဖြတ်နေသည်။ ဒါဟာ ရိုင်းပြတဲ့ အပြုအမူလို့ ကျွန်တော်မမြင်ဘူး ... ဖြစ်နိုင်တာက ကျွန်တော် သူ့အကြောင်းကို ကောင်းကောင်းနားလည်လို့ ဖြစ်သည်။ အပြင်ပိုင်းမှာ ခေါင်းမာတတ်သော အမူအကျင့်နဲ့ သန်မာသော ရုပ်ပိုင်းဆိုင်ရာ ဖြစ်နေပေမယ့် သူ့ရဲ့ အတွင်းစိတ်မှာ အားနည်းမှု့တွေကို ဖုံးကွယ်ဖို့ ကြိုးစားနေသည်ဆိုတာ ကျွန်တော် ပြောနိုင်သည်။ ဘာကြောင့်လဲဆိုတော့ သူ့ကိုမြင်လိုက်ရင် ကျွန်တော့်ကို ကျွန်တော် မှန်ရှေ့မှာ မြင်နေရသလို ဖြစ်သည်။ သူက ကျွန်တော်နဲ့ အနည်းငယ် ကွဲပြားပေမယ့်ပေါ့။
YOU ARE READING
လူဆိုးလေးရဲ့ ကိုယ်ရံတော် (သို့) ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်ပုံပြင်
General Fictionအရမ်းနှစ်သက်ရလွန်းလို့ ဘာသာပြန်လိုက်ပါတယ်။