Chapter-1.2

94 8 0
                                    

" အရေးတကြီးနဲ့ ဘယ်သွားမလို့လဲ?
မင်း သေတော့မလို့!!!"

ထိုအခိုက်အတန့်မှာ , ကျွန်တော် ဒီနေရာကနေ အော်ဟစ် ပြေးထွက်၍  တွင်းထဲသာ ခုန်၀င်ချင်တော့သည်။
သေစမ်း!!! အခုတော့ ... အသက်ကို ပြင်းပြင်းရှူ
စိတ်ငြိမ်အောင် ကြိုးစား၍ အမူအယာကို ပုံမှန်ဖြစ်နေအောင်
လုပ်လိုက်သည်။

"အာ!!! သခင်လေး Vegas ပါ့လား! မင်္ဂလာပါ...
တိုက်ဆိုင်လိုက်တာ..."

ကျွန်တော့်လက်ကို မြှောက်ပြီးနောက်
မျက်နှာပေါ်မှာ အပြုံးကြီးကြီး ပြုံးကာ အရှေ့လူကို
ခေါင်းညွှတ်၍ နူတ်ဆက်လိုက်သည်။
ယုတ္တိရှိအောင် သရုပ်ဆောင်ဖို့ လိုသည်လေ။

"အမ်... သခင်လေး Vegas မနက်ခင်းမှာ ဒီနားဘာလုပ်နေတာလဲ?

ကျွန်တော်စိတ်ကို ရှင်း၍ မေးလိုက်သည်။

သူက မျက်လုံးကို ပိုဖွင့်လိုက်ပြီး ဒီနေရာမှာ ကျွန်တော်နဲ့ ဆုံတာကို အံ့ဩနေပုံရသည်။ ဒါပေမယ့် သခင်လေး Vegas က ကျွန်တော့်ကို ဘာမှ ပြန်မပြောခဲ့ပေ။ သူ့လက်ထဲမှာတော့
၀က်သားကင် လေးချောင်း ထည့်ထားသော အိတ်တစ်ခုကို ကိုင်ထားသည်။ ထို့နောက် သူက
လူသွားလမ်းထောင့်နားထိ လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။သူအနားကို ခွေးနှစ်‌
ကောင်ကပ်လာသော အခါ ၀က်သားကင်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ ခွေးနှစ်ကောင် အမြှီးများက အလင်းရဲ့ အလျင်လိုပဲ ခါယမ်းနေကြသည်။ သခင်လေး Vegas က ၀က်သားကင်ကို ချကျွေးလိုက်ပြီး လက်တစ်ဖက်က ခွေးရဲ့ ခေါင်းကို ပွတ်သပ်ပေးနေသည်။

ငါ ဘယ်လို ထွက်သွားရမလဲ? ထွက်ပြေးရမလား? ပြေးရင်
ငါ့ပုံစံက  သံသယ၀င်ဖို့ ကောင်းသွားမှာပေါ့။

"ဒီနားတစ်ဝိုက်က ခွေးတွေက လူယဉ်တယ်နော်...
၀က်သားကင်ကိုလည်း ကြိုက်တဲ့ပုံပဲ"

ငါ ဘာ‌တွေပြောလိုက်မိတာလဲ??? ဘုရား ဘုရား ကျွန်တော် တကယ်ကျိန်ပြောရဲပါတယ်...အိပ်ရေးမ၀‌
တော့  ဦးနှောက်က စွမ်းရည်ကျနေပြီထင်တယ်။

" မသိဘူး!!! ကိုယ်က ခွေးမဟုတ်တော့ သူတို့ ဘာတွေးနေလဲ မသိဘူး... ဒါပေမယ့် ခွေး‌က ကြိုက်တယ်လို့ မင်းပြောမှတော့ သူတို့ကြိုက်တယ်နေမှာပါ"

လူဆိုးလေးရဲ့ ကိုယ်ရံတော် (သို့) ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်ပုံပြင်Where stories live. Discover now