Chapter-2.1

90 8 0
                                    

Pete POV

"ဟုတ်တယ်...သခင်လေး... ကျွန်တော့်ကို ကူညီပေးပါ"

တစ်နေ့လုံး အိပ်လိုက်ပြီးနောက် ကျွန်တော့်၏ ခန္ဓာကိုယ်က ပြန်လည် အားပြည့်လာသည်။သခင်လေး Kinn ထံမှ အနားယူရန် ခွင့်ပြုချက်ရခဲ့သည်လေ။
သူ့ဆန္ဒအတိုင်း မျိုးနွယ်စုငယ်၏ အိမ်တော်ကို ခိုး၀င်ကာ သက်သေခံပစ္စည်း ရှာဖို့ ပြင်ဆင်ချိန် တစ်ရက်သာ ကျန်တော့သည်။

"မရပါဘူး.. ငါက ဘာလို့ မင်းနဲ့ လိုက်ခဲ့ရမှာလဲ?!"

သခင်လေး Khun က မှုန်ကုပ်၍ပြောသည်။
ထို့နောက် မျက်မှောက်ကြုပ် လည်ပင်း ဆန့်ထားပြီး လက်ပိုက်ကာ ရပ်နေသည်။
မနေ့က ကျွန်တော့်ကို အိပ်ယာမှ နှိုးရန် ကြိုးစားပြီးနောက်
အခုထိ စိတ်ကောက်နေဆဲဖြစ်သည်။
မနေ့က ကျွန်တော် အရမ်းအိပ်ချင်နေကာ နိုးတစ်၀က် အိပ်တစ်၀က်ဖြင့် သခင်လေး Khun ကို ထွက်သွားခိုင်းခဲ့ခြင်း ၏ ရလာဒ်ပင်ဖြစ်သည်။ မနေ့က အဖြစ်အပျက်ကို ကောင်းကောင်း မှတ်မိ‌သည်။

( နောက်ကြောင်းပြန်ခြင်း )

"ဒေါက်!!! ဒေါက်!!! ဒေါက်!!!"

"ဟေး... Pete ... Pete"

"ဒေါက် ဒေါက် ဒေါက် ... "

ကျွန်တော် ခေါင်းဦးကို ယူကာ ကျွန်တော့်နားကို ချက်ချင်း ပိတ်ထားလိုက်သည်။ ကျွန်‌တော့် အိပ်ခန်းတံခါးမှ
ထပ်ခါ ထပ်ခါ ကြားနေရသော တံခါးခေါက်သံသည်
ကျွန်တော့်အကြားအာရုံကို ရိုက်ခတ်နေသည်။
ထိုအသံက ဦးနှောက်အတွင်းရှိ သွေးကြောများကို ဆောင့်တိုးကာ ခေါင်းပင်ကိုက်လာသည်။ အာ!!! နောက်ထပ် ရက်နည်းနည်း ထပ်အိပ်ရဦးမယ် ထင်ခဲ့တာကို...
မျက်လုံးဖွင့်ပြီး ဖြစ်လာသမျှ ကံ ကိုပဲလက်ခံလိုက်ရမလား?

"ဟေး... Pete !!! တံခါးဖွင့်စမ်း"

သခင်လေး Khun ၏အော်သံက အခန်းတံခါးကို ဖြတ်၀င်လာသည်။ နောက်‌ဆုံးတွင် ကျွန်တော့် အိပ်နေရာမှ
ထထိုင်ဖို့ ကြိုးစားလိုက်သည်။ ကျွန်တော့်ရဲ့ အိပ်ချိန်တွေကို
နှောက်ယှက်ခံလိုက်ရပြီးနောက် ခေါင်းကို အဓိပ္ပါယ်မဲ့ ယမ်းလိုက်မိသည်။ အခုချိန်မှာ အိပ်စက်ခြင်းက ကျွန်တော့် ဘ၀အတွက် အရေးကြီးဆုံးဖြစ်နေပြီး တစ်ယောက်ယောက် နှောက်ယှက်လာမှာ မလိုချင်ပေ။ ထို့နောက် အခန်းတံခါးဆီ လမ်းလျှောက်သွားပြီးနောက် တံခါးကို ဝုန်းခနဲ ဖွင့်ပစ်လိုက်သည်။

လူဆိုးလေးရဲ့ ကိုယ်ရံတော် (သို့) ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်ပုံပြင်Where stories live. Discover now