Chapter-0.2

176 7 0
                                    

"အဖေ ဒီ‌အကြောင်းအရာနဲ့ ပတ်သတ်ရင် ဘာကြောင့်
အရမ်းစိတ်တိုနေမှန်း ကျွန်တော် နားမလည်ဘူး!!!
သေသွားတဲ့ အမေ မျက်နှာတောင် ဂရုစိုက်လို့လား?!
ဂရုမစိုက်ဘူး!!! ကျွန်တော်တို့ကိုလည်း အတွေးထဲတောင်
မထည့်ဘူး!!!

ကျွန်တော် ဒေါသတကြီး ပြောမိသည်။
အဖေ ပြောသည့်စကားလုံးများကြောင့် ကျွန်တော့် အသံနှင့် အမူအယာသည် ‌ဒေါသထွက်၍ ပြင်းထန်လာသည်။

"ငါ -ိုး ... Vegas !!! မင်းရဲ့ ညီ အခုလို ဖြစ်နေတာ မင်းကြောင့်ပဲ... သူက မင်းရဲ့ ‌ေ-ာက်ခြေရာ အတိုင်း လိုက်နေတာလေ!!!"

"ဟန်နီ, ကလေးတွေ နဲ့ ဘာဖြစ်နေတာလဲ?"

ကြည်လင်သော အသံတစ်ခု ထွက်ပေါ် လာပြီး ကျွန်တော် ‌အနောက်ဘက်မှာ ကျွန်တော်နှင့် အသက်မကွာသော အမျိုးသမီးတစ်ယောက် ရောက်လာသည်။ ကျွန်တော်တို့ဘေးမှ ဖြတ်လျှောက်သွားပြီး အဖေလက်မောင်းကို ဆွဲ၍ စကားပြော နေသည်။ ထိုမြင်ကွင်းက ကျွန်တော်ကို ပို၍ ဒေါသထွက်လာစေသည်။

"၀င်မနှောက်ယှက်နဲ့ ! ခင်ဗျားက ကျုပ်အမေ မဟုတ်ဘူး!"

ကျွန်တော် လက်ညှိးထိုး၍ ပြောလိုက်ချိန်တွင် ထိုမိန်းမမျက်နှာမှာ ချက်ချင်း ဖြူဖတ်ဖြူလျော် ဖြစ်သွားသည်။

"Vegas, မျိုးမစစ်ကောင် ! မင်းက တစ်နေ့တစ်ခြား ပိုပိုပြီး
မခန့်လေးစားဖြစ်လာတာပဲ!"

အဖေက ကျွန်တော့်အနားတိုးကပ်လာပေမယ့် ထိုမိန်းမက ပြန်ဆွဲထားသည်။

" အမေ ကိုယ့်ကိုကိုယ် သတ်သေသွားတာ ကုမ္ပဏီကြောင့်လား ၊ ဒါမှမဟုတ် အဖေ ရဲ့ အပျော်မယားတွေ မြင်ရတာ သီးမခံနိုင်လို့လား ဆိုတာ ကျွန်တော် သိချင်မိတယ်....
အခုနောက်ပိုင်း အဖြစ်အပျက်တွေကြောင့် ကျွန်တော် ယုံနေမိပြီ... ငယ်ကတည်းက အဖေရဲ့ လုပ်ရပ်တွေကို မခံနိုင်ခဲ့ဘူး"

"ဖြန်း !!!"

အဖေက ရှေ့တိုးလာပြီး မျက်နှာကို ရိုက်လိုက်သည်မှာ အနောက်သို့ပင် ယိုင်ကျသွားသည်။

"ဘာလုပ်တာလဲ??? အဖေ ... ဘာလုပ်တာလဲ?! "

Macau က ကြား၀င်လာပြီး အဖေကို အော်ဟစ်ရင်း အားနှင့်တွန်းထုတ် နေသည်။

လူဆိုးလေးရဲ့ ကိုယ်ရံတော် (သို့) ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်ပုံပြင်Where stories live. Discover now